Sports: ဒီတစ်ပတ် လက်မလွှတ်သင့်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၅) ပွဲ

ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် ၃၂ ကို ရောက်လာခဲ့ပါပြီ။

play

 

ပြီးခဲ့တဲ့ တစ်ပတ်အတွင်း နိုင်ငံတကာခြေစမ်းပွဲစဉ်တွေနဲ့ ခြေစစ်ပွဲတွေ ကြားဖြတ်ယှဉ်ပြိုင်ခဲ့ကြပြီးတဲ့နောက် ဒီတစ်ပတ်မှတော့ အမှတ်ပေးလိဂ်ပြိုင်ပွဲတွေ ပြန်လည်စတင်ပြီ ဖြစ်ပါတယ်။ ရင်ခုန်စရာ ကောင်းတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေလည်း ကြည့်ရှုကြရဦးမှာပါ။

တစ်ဖက်က လာလီဂါ ပြိုင်ပွဲမှာတော့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် ကစားမယ့် အယ်လ်ကလက်စီကို ဒါဘီကလည်း ရှိနေပြန်ပါသေးတယ်။ ပြိုင်ပွဲပြီးဆုံးဖို့ နီးလာချိန် ပိုပြီး အကြိတ်အနယ် ရှိလာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေကလည်း လက်လွှတ်လို့ မရပြန်ပါဘူး။

ဒီတစ်ပတ် ပရီးမီးယားလိဂ် မကြည့်ခင်သိထားသင့်တဲ့ အချက် (၅)  ချက်ရှိပါတယ်။

၁။ ခြေချော်သွားနိုင်တဲ့ စပါး

play

 

လက်စတာအသင်းကို ထပ်ချပ်မကွာလိုက်ဖို့ စပါးလည်း နိုင်ပွဲဆက်နေဖို့ လိုပါတယ်။ ဒီတစ်တပတ်မှာ စပါးက လီဗာပူးအိမ်ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်လို့ အမှတ်ပြည့်ရဖို့ မသေချာပါဘူး။ ချန်ပီယံလမ်းကြောင်းပေါ်မှာ ရှိနေတဲ့ စပါး ခြေချော်သွားမလားဆိုတာ စိတ်ဝင်စားစရာပါ။

၂။ တန်းဆင်းဇုန် ရုန်းကန်မှု

play

 

 ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ခြေမှာ ရပ်တည်နေကြတဲ့ နောဝှစ်ခ်ျနဲ့ နယူးကာဆယ်တို့ ဒီတစ်ပတ် တွေ့ကြရမှာပါ။ နှစ်သင်းလုံးအတွက် ခြောက်မှတ်တန် ပွဲဖြစ်ပါတယ်။ ဒီပွဲအနိုင်ရတဲ့အသင်းက တန်းဆင်းဇုန်ကလွတ်ဖို့ အခြေအနေ ကောင်းသွားမှာပါ။

၃။ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ မန်ယူ

play

 

မန်စီးတီးကို အနိုင်ရပြီးတဲ့နောက် မန်ယူက အဆင့်-၄ နေရာနဲ့ တစ်မှတ်ပဲ ကွာတော့လို့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခြေအနေ ပြန်ကောင်းလာပါတယ်။ ဒီတစ်ပတ်တော့ အဲဗာတန်နဲ့ ရင်ဆိုင်ရမှာပါ။ အဲဗာတန်နဲ့ပွဲဟာ မန်ယူအတွက် အလွယ်တကူရလဒ်ကောင်းဖို့ မလွယ်ပါဘူး။ ချန်ပီယံလိဂ် အိပ်မက်ကို မန်ယူဆက်မက်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။

၎။ အိမ်ကွင်းရလဒ် ကောင်းဖို့ ကြိုးစားရမယ့် အာဆင်နယ်

play

 

ပြီးခဲ့တဲ့ တစ်ပတ်မှာ အာဆင်နယ်က အဲဗာတန်ကို နိုင်ပြီး ဝေဖန်သံတွေကို အသံလျော့စေခဲ့တယ်။ ဒါပေမယ့် အိမ်ကွင်းရလဒ်မကောင်းတာတွေကို အဆုံးသတ်ဖို့ ဒီပွဲမှာ နည်းပြအာစင်ဝင်းဂါး ကြိုးစားရပါမယ်။ တစ်ဖက်က ဝက်ဖို့ဒ်ကလည်း ခြေစွမ်းကျနေလို့ အာဆင်နယ်သုံးမှတ်တော့ သေချာပါတယ်။

၅။ နိုင်ပွဲလိုတဲ့ လက်စတာ

play

 

ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ မေလထဲမှာ လက်စတာဟာ မန်ယူ၊ ချယ်လ်ဆီး၊ အဲဗာတန် စတဲ့အသင်းတွေနဲ့ ရင်ဆိုင်ရမှာပါ။ လုံးဝမလွယ်ပါဘူး။ ဒါကြောင့် ရှေ့ပွဲတွေ အနိုင်ရထားဖို့ လိုနေပါသေးတယ်။ အခု ဆောက်သမ်တန်နဲ့ပွဲ ရလဒ်မကောင်းရင် လက်စတာအတွက် စိုးရိမ်စရာပါ။

Source : NBCSports

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ