Sports: တိုက်စစ်မှူး ကော်စတာ ပွဲပယ်ပြစ်ဒဏ် ထပ်တိုးခံရပြီး ဒဏ်ငွေလည်း ချမှတ်ခံရ

လာမယ့် ဆွမ်ဆီးနဲ့ပွဲမှာ ကော်စတာ မပါနိုင်တော့ပါဘူး။

play

 

အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမားတွေအပေါ် မသင့်တော်တဲ့ အပြုအမူမျိုး ပြုလုပ်ခဲ့မိကြောင်း ချယ်လ်ဆီးကစားသမား ကော်စတာက ဝန်ခံခဲ့ပြီးတဲ့နောက် ပွဲပယ်ပြစ်ဒဏ်တစ်ပွဲ ထပ်မံ တိုးမြှင့်လိုက်ပါတယ်။

မူလက တိုက်စစ်မှူးကော်စတာကို နှစ်ပွဲပယ် ပြစ်ဒဏ်သာ ချမှတ်ခဲ့တာဖြစ်ပါတယ်။ အဲဗာတန်အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ကော်စတာက အဲဗာတန်ကစားသမား ဘယ်ရီနဲ့ အချင်းများခဲ့တာ ဖြစ်ပါတယ်။ အချေအတင် ဖြစ်နေချိန်မှာ ကော်စတာက ဘယ်ရီရဲ့ လည်ပင်းကို ကိုက်လိုက်သလို ဖြစ်ခဲ့တဲ့ လှုပ်ရှားမှုကို ရုပ်သံအနှေးပြကွက်ထဲမှာ ပြန်တွေ့ခဲ့ရပါတယ်။ ပွဲပယ်နောက်တစ်ပွဲအပြင် ဒဏ်ငွေ ပေါင ၂၀၀၀၀ လည်း ပေးဆောင်ရမှာပါ။

play

 

ချယ်လ်ဆီးအသင်း ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ အက်စတွန်ဗီလာတို့ရဲ့ ပွဲစဉ်ကို ကော်စတာ လွဲချော်ခဲ့ပြီးနောက် အခုနောက်ထပ်တစ်ပွဲ ထပ်မံလွဲချော်ရတော့မှာပါ။ ဒါပေမယ့် လာမယ့် ဧပြီလ ၉ ရက်နေ့ ဆွမ်ဆီးနဲ့ ပွဲကျမှသာ ပါဝင်ခွင့်မပြုဖို့ ဆုံးဖြတ်ထားပါတယ်။ နောက်နောင်မှာ ဒါမျိုး မဖြစ်အောင်လို့လည်း ကော်စတာ သတိပေးခြင်း ခံခဲ့ရပါတယ်။

Source : Express

Photos : Daily mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ