Sports: လီဗာပူးကို အနိုင်ကစားပြီး လက်စတာ ခြေချော်မည့်ပွဲကို စောင့်နေမည်ဟု စပါးနည်းပြဆို

လက်စတာခြေချော်မယ့်ပွဲတွေကို စပါးအနေနဲ့ မျှော်လင့်တယ်လို့ နည်းပြပိုချက်တီနိုက ပြောပါတယ်။

play

 

ဒီနှစ်ဘောလုံးရာသီမှာ စပါးအသင်းအနေနဲ့ ချန်ပီယံဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်ရှိထားပြီး လက်စတာအသင်း ခြေချော်မယ့်အချိန်ကို စောင့်နေတယ်လို့ အသင်းနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။ လက်စတာ အသင်းက ဒီတစ်ပတ်မှာ ဆောက်သမ်တန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး စပါးကတော့ လီဗာပူးနဲ့ ရင်ဆိုင်ရမှာပါ။

play

 

လက်စတာအသင်းရဲ့ ခြေချော်သွားမယ့် အချိန်ကို စောင့်နေရုံနဲ့ မရပဲ စပါးအသင်းလည်း လီဗာပူးနဲ့ပွဲမှာ အာရုံစိုက်ဖို့ လိုတယ်လို့ နည်းပြက သတိပေးထားပါတယ်။ စပါးအသင်းက လက်ရှိအချိန်မှာ လက်စတာအသင်းနဲ့ ငါးမှတ်အကွာ ဒုတိယနေရာမှာ ရှိနေပါတယ်။

“ လက်စတာအသင်း ခြေချော်သွားမယ့်အချိန်ကို ကျွန်တော်တို့ စောင့်နေကြတာပါ။ အမှတ်ပေးဖလားကို ကျွန်တော်တို့ တကယ်ပဲ လိုချင်ပါတယ်။ ဒါပေမယ့် ဒါဟာ နားစွင့်နေရုံသက်သက်ပါ။ တကယ်အာရုံစိုက်ရမှာကတော့ ကိုယ့်အသင်း ရလဒ်ကောင်းဖို့ပါပဲ။ သူတို့အမှတ်တွေဆုံးရှုံးနေချိန် ကိုယ့်အသင်းလည်း အမှတ်မရဘူးဆိုရင် ဘာမှ ထူးခြားမသွားဘူးလေ” လို့ စပါးအသင်း နည်းပြက ပြောပါတယ်။

play

 

လီဗာပူးကို အနိုင်ရအောင် ကစားပြီးရင်  လက်စတာဘယ်လိုရလဒ်ထွက်လာမလဲ စောင့်ကြည့်နေမယ်လို့ ပိုချက်တီနိုက ဆိုပါတယ်။

Source : Express

Photos : Express, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ