Sports: အယ်လ်ကလက်စီကို ပွဲမတိုင်ခင် ကုသိုလ်လုပ် အနားယူနေတဲ့ ရော်နယ်ဒို

ဘာစီလိုနာနဲ့ တွေ့ရမယ့်ပွဲမတိုင်ခင် ရော်နယ်ဒိုမှာ ဘာစိုးရိမ်မှုမှ ရှိနေပုံ မရပါဘူး။

play

 

ဘာစီလိုနာအသင်းနဲ့ အရေးကြီးအယ်လ်ကလက်စီကို ဒါဘီပွဲစဉ် ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ် ကစားသမားရော်နယ်ဒိုကတော့ အချိန်တွေကို အေးအေးလူလူကုန်ဆုံးလျှက်ရှိပါတယ်။

ဘာစီလိုနာနဲ့ ပွဲမတိုင်ခင် ၂၄ နာရီအလိုမှာ ရော်နယ်ဒိုက သားငယ်ဖြစ်သူနဲ့အတူ အေးအေးလူလူ အနားယူလျှက်ရှိပါတယ်။ ရေကန်တစ်ခုဘေးမှာ ရေကူးနေတဲ့ ငန်းတွေကို ထိုင်ကြည့်ရင်း ငန်းစာတွေကျွေးနေတဲ့ပုံကို ရော်နယ်ဒိုက အင်စတာဂရမ်မှာ ဝေမျှခဲ့ပါတယ်။

play

 

ဘာစီလိုနာနဲ့ ပွဲအတွက် အသင်းကစားသမားတွေနဲ့အတူ လေ့ကျင့်ခန်းဆင်းပြီးနောက် တစ်နေ့တည်းမှာပဲ သားငယ်ဖြစ်သူနဲ့ အနားယူနေခဲ့တာပါ။ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အယ်လ်ကလက်စီကို ပွဲစဉ်က ဧပြီလ ၂ ရက်နေ့မှာ ကစားကြမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာနဲ့ ဆယ်မှတ်တိတိ ကွာဟနေလို့ ဒီပွဲရလဒ်မကောင်းခဲ့ရင် ချန်ပီယံဆုကို မျှော်လင့်နိုင်တော့မှာ မဟုတ်ပါဘူး။

play

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ