Sports: နွေဈေးကွက်တွင် မန်ယူဦးစားပေးခေါ်မည့် ဒေါ့မွန်ကစားသမား အော့ဘာမီယန်း

တိုက်စစ်မှူး အော့ဘာမီယန်းကို ခေါ်မယ့်အသင်းတွေထဲမှာ မန်ယူက ဦးဆောင်နေပါတယ်။

play

 

မန်ယူအသင်းက ဒေါ့မွန်ကစားသမား အော့ဘာမီယန်းကို ခေါ်ယူဖို့ အလွန်နီးစပ်နေပြီလို့ ဗြိတိန်သတင်းတစ်ရပ်က ဖော်ပြပါတယ်။

play

 

အော့ဘာမီယန်းကို အခုနှစ်နွေရာသီ အပြောင်းအရွှေ့မှာ အော့ဘာမီယန်းကို ခေါ်နိုင်ဖို့အတွက် မန်ယူဘက်က ပေါင်သန်း ၇၀ လောက်ကုန်ကျမယ်လို့ သိရပါတယ်။ ဒါပေမယ့် လာမယ့်နှစ် အသင်းရဲ့ လူအင်အား ဖြည့်တင်းမှုမှာ အော့ဘာမီယန်းက ဦးစားပေးအဆင့်-၁ ကစားသမား ဖြစ်နေတဲ့အတွက် မန်ယူဘက်က စံချိန်တင် ငွေကြေးနဲ့ ခေါ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

play

 

အော့ဘာမီယန်းကို ရီးရဲလ်မက်ဒရစ်ဘက်က ခေါ်ယူဖို့ ကြိုးစားနေတယ်လို့သတင်းထွက်ခဲ့သေးပေမယ့် အခုအခါ ရီးရဲလ်က ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးကိုသာ ခေါ်ဖို့ အာရုံကျနေပါတယ်။ ဒါကြောင့် အော့ဘာမီယန်းကို ခေါ်ဖို့ နီးစပ်နေတဲ့ အသင်းထဲမှာ မန်ယူက ထိပ်ဆုံးက ဦးဆောင်နေတာ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ