Sports: သွေးသစ်အောင်နဲ့ ပွဲအတွက် ဖိုးကေဘာပြောလဲ

ယခင်က သွေးသစ်အောင်နဲ့ထိုးသတ်ခဲ့တဲ့ ပွဲမှာ ဖိုးကေဟာ ရှုံးနိမ့်ထားပါတယ်။

play

 

မန္တလေးမြို့အောင်မြေမန္တလာ အားကစားရုံမှာ ဝါးရင်းတုတ်ဖိုးကေနဲ့ MMA လိုက်ဝိတ်တန်းချန်ပီယံ သွေးသစ်အောင်တို့ ထိုးသတ်ယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။ မေလ ၂၀ ရက်နေ့မှာ ကျင်းပမှာဖြစ်တဲ့ အဆိုပါပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားပြီး အနိုင်ရရှိအောင်ကြိုးစားသွားမှာဖြစ်တယ်လို့ ဖိုးကေက ပြောကြားလိုက်ပါတယ်။

ယခင်က သွေးသစ်အောင်နဲ့ထိုးသတ်ခဲ့တဲ့ ပွဲမှာ ဖိုးကေဟာ ရှုံးနိမ့်ခဲ့ပြီး အခုပွဲအတွက် အချိန် နှစ်လကျော်ယူကာ အကောင်းဆုံးပြင်ဆင်ထားတာ ဖြစ်တယ်လို့ ဖိုးကေက ဆိုပါတယ်။ လက်ဝှေ့လောကက အနားယူပြီး ပြန်လည်ထိုးသတ်ခဲ့တဲ့ဖိုးကေဟာ တစ်နှစ်အတွင်း သုံးပွဲခန့်သာ ထိုးသတ်ထားပြီး ဒီလိုမျိုးပွဲနည်းခြင်းဟာ သက်လုံပိုင်းနဲ့ အားနည်းချက်တို့ကို အချိန်ယူပြင်ဆင်နေတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ အားနည်းချက်တွေကို ပြင်ဆင်ပြီးတဲ့အခါ စိန်ခေါ်ပွဲတွေကို ဆက်တိုက်ယှဉ်ပြိုင်မယ်လို့လည်း သိရပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ