Sports: အိုးထရက်ဖို့ဒ်မှာ မန်ယူနဲ့ သရေကျလို့ လက်စတာ ချန်ပီယံ မဖြစ်သေး

သရေတစ်မှတ်သာ ရခဲ့တာကြောင့် လက်စတာ ချန်ပီယံဖြစ်ဖို့ဟာ စပါးရဲ့ ရလဒ်သို့မဟုတ် နောက်ပွဲစဉ် တစ်ပွဲအထိ စောင့်ရတော့မှာပါ။

play

 

မန်ယူက ဦးဆောင်ဂိုး ရခဲ့ပေမယ့် လက်စတာက ပြန်ချေပနိုင်ခဲ့လို့ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။

play

 

အိမ်ရှင်မန်ယူအသင်းက တိုက်စစ်မှာ ရက်ရှ်ဖို့နဲ့ မာရှယ်တို့ကိုထားပြီး ကွင်းလယ်မှာ ရွန်နေး၊ လင်ဂတ်၊ ဖယ်လိုင်နီတို့နဲ့ ပွဲထွက်လာပါတယ်။ လက်စတာကတာ့ တိုက်စစ်မှူး ဗာဒီပွဲပယ်ခံထားရတဲ့အတွက် အူလိုအာကို ပွဲထုတ်ပြီး တိုက်စစ်မှာ အိုကာဇာကီနဲ့ တွဲပေးခဲ့ပါတယ်။

ပွဲစတာနဲ့ မထင်မှတ်ထားလောက်အောင် မန်ယူအသင်း တိုက်စစ်ဆင်ခဲ့တဲ့ အတွက် လက်စတာအသင်း ခံစစ်ကိုသာ အားပြုနေခဲ့ရပါတယ်။ လက်စတာ အသင်း ဂိုးဧရိယာနားမှာ မန်ယူ ကြိမ်ဖန်များစွာ ထိုးဖောက်ခဲ့ပြီးနောက် ပွဲချိန် ၈ မိနစ်မှာ အဖွင့်ဂိုး ရပါတယ်။

play
မာရှယ်ရဲ့ အဖွင့်ဂိုး

 

ဗလန်စီယာ ညာခြမ်းက ဘောလုံးယူလာပြီး လက်စတာကစားသမားဖုခ်ျကို ခြေယောင်ပြကာ မ, တင်ပေးလိုက်တာပါ။ ဒါကို လူကပ်ခံထားရခြင်း မရှိတဲ့ မာရှယ်က ပိတ်သွင်းယူလိုက်တာဖြစ်ပါတယ်။

play

 

ဒါပေမယ့် ပွဲချိန် ၁၇ မိနစ်မှာ လက်စတာအသင်း ချေပဂိုး ပြန်ရပါတယ်။ အလွတ်တည်ကန်ဘောက တဆင့် ဒရင့်ခ်ဝါတာ တင်ပေးလိုက်တဲ့ ဘောလုံးကို အသင်းခေါင်းဆောင် မော်ဂန် ခေါင်းတိုက်လိုက်တာပါ။

play
ချေပဂိုးရှင် မော်ဂန်

 

မော်ဂန်ကို လူကပ်ထားတဲ့ မန်ယူကစားသမား ရိုဟိုရဲ့ ကြံ့ခိုင်မှု အားနည်းချက်ကြောင့် ပေးလိုက်ရတာ ဖြစ်ပါတယ်။

play

 

ပွဲချိန် ၃၀ ကျော်လောက်မှာ မန်ယူဘက်က လက်စတာကို နောက်ထပ်ဂိုးရလုနီးနီး ဖြစ်တဲ့အထိ ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ဂိုးတော့ မရခဲ့ပါဘူး။

ဒုတိယပိုင်းမှာ ပွဲက အနည်းငယ်ပြန်အေးသွားပြီး နှစ်သင်းလုံး ဂိုးထပ်မပေးရဖို့ကို အာရုံစိုက်ခဲ့ပါတယ်။ ပွဲချိန် ၆၆ မိနစ်မှာ မာရက်ဇ်ကို ပြစ်ဒဏ်ကျူးလွန်တဲ့ မန်ယူအသင်းခေါင်းဆောင် ရွန်နေး အဝါကတ်ပြခံရပါတယ်။

play

 

အဲဒီနောက်ပိုင်း မန်ယူအသင်းက ကြိမ်ဖန်များစွာ ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် လက်စတာ အမှားအယွင်းမရှိ ကာကွယ်နိုင်ခဲ့ပါတယ်။

play

 

၈၂ မိနစ်မှာ မန်ယူဘက်က ရက်ရှ်ဖို့ဒ် အစား ဒီပေး ဝင်ရောက်လာပါတယ်။ ၈၆ မိနစ်မှာ လက်စတာ ကစားသမား ဒရင့်ခ်ဝါးတား ဒုတိယအကြိမ် အဝါကတ်ပြခံရလို့ အနီကတ်နဲ့ ထွက်ခဲ့ရပါတယ်။ လက်စတာလည်း ဂိုးဧရိယာနားမှာ ပြစ်ဒစ်ဘော ပေးရပါတယ်။

play

 

သရေ ရလဒ်သာထွက်လာခဲ့တဲ့အတွက် မန်ယူလည်း ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ပိုပြီး ခက်ခဲသွားခဲ့ရပြီ ဖြစ်ပါတယ်။ လက်စတာကတော့ စပါးရဲ့ ရလဒ်ကို စောင့်ရဦးမှာပါ။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ