Sports: ရော်နယ်ဒို လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပြီး ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ဖွယ်ရှိ

ရော်နယ်ဒိုဟာ တံကောက်ကြော ဒဏ်ရာကြောင့် မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမကျော့ပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

play


ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား ခရစ္စတီယာနို ရော်နယ်ဒို အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့ (မေလ ၄ ရက်) ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ပါဝင်ကစားနိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။ အစောပိုင်းက ချန်ပီယံလိဂ် ဒုတိယအကျော့မှာလည်း ရော်နယ်ဒို ပါဝင်နိုင်ဖို့ မသေချာကြောင်း သတင်းထွက်ခဲ့ပါသေးတယ်။

play


အခုအခါမှာတော့ ရော်နယ်ဒို လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပြီဖြစ်ကာ ဒုတိယအကျော့မှာ ပါဝင်နိုင်မယ်လို့ မျှော်လင့်ရကြောင်း သိရပါတယ်။ ရော်နယ်ဒိုဟာ တံကောက်ကြော ဒဏ်ရာကြောင့် မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမကျော့ပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

အဆိုပါ ပွဲစဉ်မှာ ဂိုးမရှိ သရေရလဒ် ဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီ ချန်ပီယံလိဂ်မှာ ၁၆ ဂိုး သွင်းယူထားပြီး ဂိုးအများဆုံး သွင်းယူတဲ့ ကစားသမားအဖြစ် ဦးဆောင်နေပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ