AD
AD
AD
play

 

ကာလရှည်ကြာအနားယူနေတဲ့ ငြိမ်းချမ်းအောင်ဟာ အပေါ့စားလေ့ကျင့်ခန်းတွေ ပြန်လည်ပြုလုပ်နေပြီလို့ သိရပါတယ်။

 ညာဘက်ဒူးဒဏ်ရာကြောင့် တစ်နှစ်ကျော်ကြာအနားယူနေရတဲ့ ငြိမ်းချမ်းအောင်ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ အပေါ့စားလေ့ကျင့်ခန်းတွေ ပြန်လည်ပြုလုပ်နေပြီလို့ 7Day Daily ရဲ့အားကစားသတင်းတစ်ရပ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

play

 

ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်လို့မရသေးဘဲ ပြသနေတဲ့ ဘန်ကောက်ဆေးရုံမှာ အခုတစ်ခေါက်သွားပြပြီးမှ ကစားနိုင်မယ့် အခြေအနေကို သိရမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒေါ်မြတ်မြတ်ဦးက ပြောကြားထားပါတယ်။ ဇွန်လ ပထမပတ်အတွင်းမှာ ဘန်ကောက်ဆေးရုံကို သွားရောက်ပြသမှာဖြစ်ပြီး ပြန်ကောင်းမယ့်အချိန်ကို အတိအကျတော့ မသိရသေးပါဘူး။

ဒီလိုမျိုး အတိအကျမသိရသေးပေမဲ့ သူကတော့ ဘောလုံးပြန်ကစားချင်နေပြီလို့ ပြောကြားထားပါတယ်။

Source: 7Day Daily
Photos Source: Original Uploader

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD