Sports: လက်စတာ ချန်ပီယံဖြစ်ဖို့ ချယ်လ်ဆီးအသင်းအပေါ် မူတည်နေ

လက်စတာချန်ပီယံ ဖြစ်ဖို့အရေးဟာ ချယ်လ်ဆီးအသင်း ဘယ်လိုရလဒ်ထွက်အောင် ကစားမလဲ ဆိုတဲ့အပေါ် မူတည်နေပါတယ်။

play

 

မန်ယူအသင်းနဲ့ သရေကျခဲ့ပြီးတဲ့နောက်မှာ လက်စတာအသင်း ဒီတစ်ပတ်အတွင်း  ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့အတွက် ချယ်လ်ဆီးအသင်းအပေါ် မူတည်နေပြီဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ ရဲ့နောက်ဆုံးပွဲစဉ်အဖြစ် ယနေ့ (တနင်္လာနေ့)ညမှာ  ချယ်လ်ဆီးနဲ့ စပါးရင်ဆိုင်ရမှာဖြစ်ပါတယ်။ လက်စတာအသင်း ချန်ပီယံဖြစ်မှုကို ဟန့်တားနိုင်ဖို့အတွက် စပါးအသင်းက ချယ်လ်ဆီးကို အနိုင်ကစားရမှာဖြစ်ပါတယ်။

play

 

ချယ်လ်ဆီးကသာ စပါးကို အနိုင်ရခဲ့မယ် ဒါမှမဟုတ် သရေကစားနိုင်ခဲ့မယ်ဆိုရင် လက်စတာအသင်းဟာ နောက်ထပ်တစ်ပွဲ ကစားစရာမလိုပဲ ချန်ပီယံ ဖြစ်တော့မှာပါ။ စပါးဘက်ကသာ ချယ်လ်ဆီးကို အနိုင်ရခဲ့မယ်ဆိုရင် လက်စတာ ချန်ပီယံဖြစ်ဖို့ဟာ နောက်ထပ် အဲဗာတန်နဲ့ပွဲအထိ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

play

 

ဒီကနေ့ ချယ်လ်ဆီးနဲ့ စပါးရဲ့လန်ဒန်ဒါဘီကို ချယ်လ်ဆီးအိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားရမှာပါ။ လက်စတာအတွက် သတင်းကောင်းကတော့ ချယ်လ်ဆီးအိမ်ကွင်းမှာ စပါး အနိုင်မရတာ နှစ်ပေါင်း အတော်ကြာနေပြီ ဆိုတာပါပဲ။

Source : Goal

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ