Sports: ရိုင်ယန်ဂစ်ရဲ့ နောက်ထပ် အချစ်ဇာတ်လမ်း တစ်ပုဒ်

ဒီအချစ်ဇာတ်လမ်းကို ရိုင်ယန်ဂစ် ကြုံတွေ့နေရတာ ခြောက်လလောက် ရှိပြီဖြစ်ပါတယ်။

play

 

အခြား မိန်းကလေးငယ် တွေနဲ့ ခြေရှုပ်ခဲ့တဲ့အတွက် ဇနီးသည်ဖြစ်သူနဲ့ လမ်းခွဲခဲ့ရတဲ့ မန်ယူလက်ထောက်နည်းပြ ရိုင်ယန်ဂစ်ဟာ ဇနီးသည်ဖြစ်သူကို ပိုင်ဆိုင်မှု တစ်ဝက် ပေါင်သန်း ၂၀ ပေးရမယ်လို့ သိရပါတယ်။

play
ဇနီးဖြစ်သူနှင့် ရိုင်ယန်ဂစ်

 

ရိုင်ယန်ဂစ်က  အပြင်မှာ စားပွဲထိုးမလေးတွေနဲ့ ပူးပူးကပ်ကပ် နေထိုင်ဆက်ဆံခဲ့တယ်လို့ သတင်းထွက်ခဲ့တဲ့ အပြင် အခုလည်း အကျိုးဆောင်ကုမ္ပဏီတစ်ခုက အမျိုးသမီးတစ်ဦးဆီကို ပန်းစည်းနဲ့ လက်ကိုင်အိတ် အကောင်းစားတွေ လက်ဆောင်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ရိုင်ယန်ဂစ်ရဲ့ ဟိုတယ်လုပ်ငန်းအတွက် ဂရက်ဗီးလ်လို့ အမည်ရတဲ့ အဆိုပါအမျိုးသမီးရဲ့ ကုမ္ပဏီနဲ့ ဆက်သွယ်ပြီး အလုပ်လုပ်ခဲ့ရတာ ဖြစ်ပါတယ်။

play

 

လုပ်ငန်းသဘောအရ နှစ်ဦးသား ထိတွေ့ဆက်ဆံခဲ့ရပြီးနောက် သံယောဇဉ်တွေ တိုးလာကာ နောက်ဆုံးမှာ ရိုင်ယန်ဂစ်က လက်ဆောင်တွေပေးတဲ့အထိ ဖြစ်လာခဲ့တာပါ။ ဂစ်ဆီက လက်ဆောင်တွေ ရလာတဲ့ အခါတိုင်း ဂရက်ဗီးလ်က သူမရဲ့ မိတ်ဆွေတွေဆီကို ပြောပြလေ့ရှိတယ်လို့ သိရပါတယ်။

play

 

ရိုင်ယန်ဂစ်နဲ့ ဇနီးသည်ဖြစ်သူ စတေစီတို့ရဲ့ အိမ်ထောင်ရေးကလည်း ယခုနှစ်အစောပိုင်းကတည်းက တိတ်တဆိတ် ပြိုကွဲနေခဲ့တာဖြစ်ပြီး အခုရက်ပိုင်းမှာမှ လူသိရှင်ကြား ဖြစ်လာခဲ့တာပါ။ ရိုင်ယန်ဂစ်နဲ့ ဂရက်ဗီးလ်တို့ ပူးပူကပ်ကပ် ရင်းနှီးလာခဲ့ကြတာ ခြောက်လလောက် ရှိပြီ ဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ