Sports: ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်လာနိုင်ခဲ့တဲ့ ဘန်လေ

ဘန်လေအတွက် ပရီးမီးယားလိဂ်ကို တန်းတက်ခွင့် သေချာစေခဲ့တဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ဆမ်ဗုတ်ခ်က ပွဲကစားချိန် မိနစ် ၆၀ မှာ သွင်းယူခဲ့ပါတယ်။

play


အင်္ဂလန်ချန်ပီယံရှစ်မှ ဘန်လေအသင်းဟာ တနင်္လာနေ့ည (မေလ ၂ ရက်) က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ် (၄၅) မှာ ကျူပီအာကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရသွားပြီ ဖြစ်ပါတယ်။

play


ဘန်လေအတွက် ပရီးမီးယားလိဂ်ကို တန်းတက်ခွင့် သေချာစေခဲ့တဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ဆမ်ဗုတ်ခ်က ပွဲကစားချိန် မိနစ် ၆၀ မှာ သွင်းယူခဲ့ပါတယ်။

play

 

ဘန်လေဟာ ပွဲစဉ် (၄၅) အပြီးမှာ ရမှတ် ၉၀ ဖြင့် ချန်ပီယံရှစ် အမှတ်ပေးဇယား အဆင့်တစ်နေရာမှ ဦးဆောင်နေပါတယ်။

play


ဒုတိယနေရာမှ မစ်ဒယ်ဘရော့နဲ့ တတိယနေရာမှ ဘရိုက်တန်တို့မှာ ရမှတ် ၈၈ မှတ်တူညီနေပါတယ်။ ချန်ပီယံရှစ်မှာ နောက်ဆုံးပွဲစဉ် (၄၆) သာ ကစားရန်ကျန်တော့ပြီး အဆိုပါ ပွဲစဉ်မှာ မစ်ဒယ်ဘရော့နဲ့ ဘရိုက်တန်တို့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

play


ထို အခြေအနေအရ ဘန်လေမှာ နောက်ဆုံးပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပါကလည်း ချန်ပီယံရှစ် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နိုင်ပြီး ပရီးမီးယားလိဂ်ကို တက်လှမ်းနိုင်ရန် သေချာခဲ့ပြီ ဖြစ်ပါတယ်။

play


မစ်ဒယ်ဘရော့နဲ့ ဘရိုက်တန်တို့မှာ ပွဲစဉ် (၄၆) တွင် အနိုင်ရရှိတဲ့ အသင်းက ပရီးမီးယားလိဂ်ကို တက်ရောက်နိုင်မှာပါ။ အကယ်၍ သရေရလဒ် ထွက်ပေါ်ခဲ့ပါက သွင်းဂိုး ပေးဂိုး နှိုင်းယှဉ်မှုအရ အမှတ်ပေးဇယား ဒုတိယနေရာမှ မစ်ဒယ်ဘရော့က ပရီးမီးယားလိဂ်ကို တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။

play


အမှတ်ပေးဇယား တတိယနေရာမှာ ရပ်တည်တဲ့ အသင်းမှာမူ ဟားလ်စီးတီး၊ ဒါဘီ၊ ရှက်ဖီးတို့နဲ့အတူ play offs ပွဲစဉ်များ ယှဉ်ပြိုင်ကစားရမှာပါ။ အင်္ဂလန်ချန်ပီယံရှစ် နောက်ဆုံး ပွဲစဉ်ကို မေလ ၇ ရက်မှာ တစ်ချိန်တည်း ယှဉ်ပြိုကစားမှာဖြစ်ကြောင်း သိရပါတယ်။
Source & Photo: AFP, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ