Sports: ပွဲရှိသော်လည်း ဘီယာဆိုင်ထိုင်နေသော ကစားသမားများကို မြင်ရတာ စိတ်မကောင်းဟု ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌပြော

"အသင်းတာဝန်ရှိသူတွေအနေနဲ့ အုပ်ချုပ်မှုအပိုင်း စနစ်တကျရှိစေလိုပါတယ်"လို့ ဦးဇော်ဇော်က ပြောပါတယ်။

play

 

နောက်နေ့မှာ ပွဲရှိသော်လည်း ကစားသမားအချို့ ဘီယာဆိုင်ထိုင်နေတာကို မြင်ရတာကြောင့် စိတ်မကောင်းဘူးလို့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားလိုက်ပါတယ်။ ကလပ်အသင်းတာဝန်ရှိသူတွေအနေနဲ့ အုပ်ချုပ်မှုအပိုင်းမှာ စနစ်တကျအုပ်ချုပ်စေလိုတယ်လို့လည်း ဦးဇော်ဇော်က ပြောကြားထားကြောင်း 7Day Daily ရဲ့သတင်းတစ်ရပ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

play

 

" မနက်ဖြန်လိုနေ့မျိုးမှာ AFC Cup ကစားဖို့ ရှိနေတာတောင်မှ အသင်းတစ်သင်းက ကစားသမားနှစ်ယောက်သုံးယောက်ဟာ ညဘက်ဘီယာဆိုင်ထိုင်နေကြတာကို လူမှုကွန်ရက်တွေကတစ်ဆင့်မြင်ရတော့ စိတ်မကောင်းဘူး။ သူတို့ နောက်နေ့ ဘယ်လိုလုပ် ဘောလုံးကစားတော့မလဲ။ အသင်းတာဝန်ရှိသူတွေအနေနဲ့ အုပ်ချုပ်မှုအပိုင်း စနစ်တကျရှိစေလိုပါတယ်"လို့ ဦးဇော်ဇော်က ပြောကြားထားတာ ဖြစ်ပါတယ်။ နိုင်ငံ့ဘောလုံးအဆင့်အတန်းမြင့်မားရေးဟာ လိဂ်ပြိုင်ပွဲတွေပေါ်မူတည်နေပြီး ငွေကြေးခြစားမှုတွေ မဖြစ်ပေါ်ဖို့လည်း ကြိုးစားရမယ်လို့ ဆိုပါတယ်။

Source: 7Day Daily
Photos Source: Original Uploader

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ