AD
AD
AD
play

 

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို အသင်းဂိုးသမား ဒီဂီယာက  ရရှိသွားပါတယ်။ ဂိုးသမား ဒီဂီယာနဲ့အတူ နောက်ခံလူ စမောလင်းနဲ့ လူငယ် ကစားသမား ရက်ရှ်ဖို့ဒ်တို့လည်း ဆုအသီးသီး ရခဲ့ကြပါတယ်။

play

 

အသင်း ပရိသတ်တွေ မဲပေးရွေးချယ်ခဲ့ကြတဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကို ဒီဂီယာက ရရှိခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်း ကစားသမားတွေအချင်းချင်း ပြန်လည်မဲပေး ရွေးချယ်ကြတဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ နောက်ခံလူ စမောလင်း ရခဲ့တာဖြစ်ပါတယ်။

play

 

ဒုတိယရာသီဝက်မှာ အသင်းနဲ့ပွဲထွက်ပြီး ခြေစွမ်းပြလာတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ၁၈ နှစ်အောက် အကောင်းဆုံး လူငယ်ကစားသမားဆု ရရှိခဲ့ပါတယ်။

play

 

 အသက် ၂၁ နှစ်အောက် အကောင်းဆုံး လူငယ် ကစားသမား ဆုကို ဘော့သ်ဝှစ်ဂျက်ဆင်က ရခဲ့ပြီး အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုး ဆုကိုတော့ လီဗာပူးနဲ့ပွဲမှာ မာရှယ်သွင်းခဲ့တဲ့ ဂိုးကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

မန်ယူအသင်း ဂိုးသမား ဒီဂီယာဟာ မန်ယူတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို သုံးနှစ်ဆက်တိုက် ယူနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD