Sports: ကော်စတာ မျက်လုံးကို လက်နဲ့ ထိုးခဲ့တဲ့ စပါးကစားသမား

ချယ်လ်ဆီးနဲ့ စပါးရဲ့ လန်ဒန်ဒါဘီဟာ ခိုက်ရန်ဖြစ်ပွားမှုတွေနဲ့ ပြီးဆုံးခဲ့ရပါတယ်။

play

 

တစ်ဖက်နှစ်ဂိုးစီ သရေနဲ့ ပြီးဆုံးခဲ့တဲ့ ချယ်လ်ဆီးနဲ့ စပါးတို့ရဲ့ ပွဲစဉ်မှာ ကော်စတာရဲ့ မျက်လုံးကို လက်နဲ့ထိုးခဲ့တဲ့ စပါးကစားသမား ဒမ်ဘီလီကို အစီအစဉ်တင်ဆက်သူ ကာရေဂါက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

play

 

ပထမပိုင်း ပြီးဆုံးခါနီးမှာ ချယ်လ်ဆီးကစားသမား ဝီလျံကို စပါးကစားသမား ဒန်နီရို့စ်က ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့ရာက စပြီး နှစ်ဖက်ကစားသမားတွေ အချေအတင် ဖြစ်ပွားခဲ့တာပါ။ နှစ်ဖက် အသင်း ကစားသမား အများအပြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေတုန်း စပါးကစားသမား ဒမ်ဘီလီက ချယ်လ်ဆီးကစားသမား ကော်စတာရဲ့ မျက်နှာကို လက်နဲ့ ထိုးခဲ့တာဖြစ်ပါတယ်။

play

 

စပါးအသင်း ပွဲစဉ်တွေကို ကြည့်ခဲ့သမျှ တစ်လျှောက်မှာ ဒီစပါးအသင်းက ဒေါသအကြီးဆုံး အသင်းဖြစ်တယ်လို့ ကာရေဂါက ဝေဖန်ပါတယ်။ ဒီလုပ်ရပ်ကြောင့် လက်ကျန်နှစ်ပွဲမှာ စပါးကစားသမား ဒမ်ဘီလီ ပွဲပယ်ခံရမယ်လို့လည်း ခန့်မှန်းမှုတွေ ရှိထားပါတယ်။

play

 

ဒီပွဲမှာ စပါးအသင်းက နှစ်ဂိုးအရင်သွင်းခဲ့ပေမဲ့ ချယ်လ်ဆီးက ကာဟေးလ်နဲ့ ဟာဇက်တို့ ချေပဂိုးတွေ ပြန်သွင်းနိုင်ခဲ့လို့ သရေနဲ့ ပြီးဆုံးပြီး တစ်ဖက်မှာ လက်စတာ ချန်ပီယံ ဖြစ်ခဲ့ရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ