Sports: ပြန်ပေးဆွဲမယ်လို့ ခြိမ်းခြောက်ခံနေရတဲ့ မက်ဆီရဲ့ ပရိသတ်ကလေးငယ်

, updated

ကျွတ်ကျွတ်အိတ်ကို မက်ဆီရဲ့ ဂျာစီအမှတ်နဲ့ ယူဆပြီး ဝတ်ဆင်ခဲ့ရာက အင်တာနက်မှာ နာမည်ကျော်ခဲ့သူ ကလေးငယ် ဖြစ်ပါတယ်။

play

 

အဖြူနဲ့အပြာရောင် အစင်းကျား ကျွတ်ကျွတ်အိတ်ကိုကို မက်ဆီရဲ့ အာဂျင်တီးနား ဂျာစီလို သဘောထားပြီး ဝတ်ခဲ့တဲ့ ကလေးငယ်ကို ပရိသတ်တွေ မှတ်မိကြဦးမှာပါ။ နောက်ပိုင်းမှာ ဒီကလေးငယ် အက်ရှ်မာဒီရဲ့ ဓာတ်ပုံကို မီဒီယာတွေက ဖော်ပြခဲ့တဲ့အတွက် မက်ဆီကိုယ်တိုင် သူ့ရဲ့ဂျာစီနဲ့ လက်ဆောင်တွေ ပေးပို့ပေးခဲ့ပါတယ်။

play

 

အခုတော့ အက်ရှ်မာဒီတို့ မိသားစုဟာ တယ်လီဖုန်းနဲ့ ခြိမ်းခြောက်စာတွေ လက်ခံရရှိခဲ့တယ်လို့သိရပါတယ်။ မသမာသူတွေက တယ်လီဖုန်းထဲကတစ်ဆင့် ဆက်သွယ်ပြီး  ငွေညှစ်တာမျိုးတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ အက်ရှ်မာဒီ ပြန်ပေးဆွဲခံရမယ့် အခြေအနေကို ရောက်လာခဲ့တာကြောင့် သူတို့မိသားစု နေထိုင်ရာ အာဖဂန်နစ္စတန်ကနေ ပါကစ္စတန်စ္စတန်ကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

"ကျွန်တော့်သားရဲ့ အသက်အန္တရာယ်လုံခြုံဖို့ အာဖဂန်နစ္စတန်မှာ ရှိသမျှ အားလုံးရောင်းချပြီး နေရာပြောင်းခဲ့ရတာပါ" လို့ အက်ရှ်မာဒီရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။

play

 

ကျွတ်ကျွတ်အိတ်ပေါ်မှာ မက်ဆီရဲ့နာမည်နဲ့ ကျောနံပါတ်ရေးပြီး ဝတ်ခဲ့လို့ အင်တာနက်မှာ နာမည်ကြီးခဲ့တဲ့ အက်ရှ်မာဒီကို မက်ဆီနဲ့တွေ့ခွင့်ရဖို့ အာဖဂန်နစ္စတန်ဘောလုံးအဖွဲ့ချုပ်ကလည်း ကြိုးစားပေးနေတယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အခုချိန်ထိ မက်ဆီနဲ့ တွေ့ခွင့်မရသေးပါဘူး။

Source : CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ