Sports: ရီးရဲလ်မက်ဒရစ် ၁-၀ မန်စီးတီး ပွဲအပြီး လေ့လာစရာ အချက် (၅) ချက်

ဂါရက်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အတွက် အရေးပါနေဆဲ ဖြစ်ပါတယ်။

play

 

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်က မန်စီးတီးကို နှစ်ကျော့ပေါင်းရလဒ် ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ဗိုလ်လုပွဲ တက်ခဲ့ပြီဖြစ်ပါတယ်။ မန်စီးတီးရဲ့ ကြိုးစားမှုဟာ ရီးရဲလ်မက်ဒရစ်ကို အခက်တွေ့စေခဲ့ပေမယ့် နောက်ဆုံးမှာ သမ္ဘာရင့်တဲ့ ရီးရဲလ်မက်ဒရစ်ကပဲ ဗိုလ်လုပွဲ တက်ခွင့် ရသွားခဲ့တာပါ။ ယမန်နေ့ညက ကစားခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်အပြီး လေ့လာစရာ အချက် (၅) ချက်ရှိပါတယ်။

၁။ ကစားကွက် မကောင်းခြင်း

play

 

ဒုတိယအကျော့မှာ မန်စီးတီးရဲ့ ပွဲထွက်လူစာရင်းမှာ နည်းပြ ပယ်လီဂရီနီ အမှားလုပ်ခဲ့မိတယ်လို့ ဆိုနိုင်ပါတယ်။ တိုက်စစ်မှာ လိုက်ပါဖို့ စတာလင်ကို ချန်လှပ်ခဲ့တာလည်း မှားယွင်းတဲ့ လုပ်ဆောင်ချက် ဖြစ်သွားပါတယ်။ ကွင်းလယ်မှာလည်း ယာယာတိုယေးက တိုနီခရူစ်းနဲ့ မိုဒရစ်ကို တစ်ဦးတည်း ထိန်းချုပ်ဖို့ ကြိုးစားနေရတဲ့အတွက် တိုက်စစ်ကို မကူနိုင်ခဲ့ပါဘူး။

၂။ တိုက်စစ်အားနည်းခြင်း

play

 

မန်စီးတီးရဲ့ ဒုတိယ အားနည်းချက်ကတော့ တိုက်စစ်ပိုင်းဖြစ်ပါတယ်။ ထင်သလောက်မကောင်းတဲ့ ရီးရဲလ်မက်ဒရစ် ခံစစ်ပိုင်းကို ဂိုးပေါက်ကန်သွင်းခွင့် အကြိမ်ရေ အနည်းငယ်သာရအောင် မန်စီးတီး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပထမအကျော့မှာကတည်းက ရီးရဲလ်မက်ဒရစ်ကို ဂိုးကန်သွင်းခွင့် များများ မဖန်တီးနိုင်ခဲ့တဲ့ မန်စီးတီးဟာ ဒုတိယအကျော့မှာလည်း ဒီအားနည်းချက်ကို မပြင်နိုင်ခဲ့ပါဘူး။

၃။ အဂူရို

play

 

အဂူရို ဂိုးပေါက်ပျောက်နေမှုဟာ မန်စီးတီးအတွက်စိုးရိမ်စရာ ဖြစ်လာခဲ့ရပါပြီ။ အဂူရိုဟာ ရီးရဲလ်မက်ဒရစ် ခံစစ်ကို ခြိမ်းခြောက်နိုင်မှု အရမ်းအားနည်းခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ နောက်ဆုံးလေးပွဲဆက်တိုက် အဂူရို ဂိုးမသွင်းနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ အဓိက အချက်ကတော့ အဂူရိုဟာ တိုက်စစ်မြှားဦးမှာ တစ်ယောက်တည်း ရုန်းကန်ခဲ့ရပြီး ပံ့ပိုးပေးမယ့်သူ မရှိခဲ့တာပါပဲ။

၎။ ဒဏ်ရာများနှင့် ကွန်ပနီ

play

 

ဒဏ်ရာက ပြန်သက်သာလာတာ ဘာမှတောင် မကြာသေးတဲ့ အသင်းခေါင်းဆောင် ကွန်ပနီဟာ ဒဏ်ရာ ပြန်ရသွားခဲ့ပြန်ပါတယ်။ ပွဲစပြီး ၁၀ မိနစ်မှာတင် ဒဏ်ရာကြောင့် လူစားလဲလိုက်ရတာ ဖြစ်ပါတယ်။ ကွန်ပနီ မမျှော်လင့်ပဲ စောစောစီးစီး ထွက်သွားရတာကလည်း မန်စီးတီးရဲ့ တိုက်စစ်ကစားသမားတွေ လွတ်လွတ်လပ်လပ် တိုက်စစ်မဆင်နိုင်ခဲ့ရတဲ့ အဓိက အကြောင်းပြချက် ဖြစ်ပါတယ်။

၅။ ရီးရဲလ်မက်ဒရစ်အတွက် အရေးပါနေဆဲ ဂါရက်ဘေးလ်

play

 

အသင်းအတွက် ရော်နယ်ဒို ရုန်းကန်နေရတဲ့ အချိန်မှာ ဂါရက်ဘေးလ်ရဲ့ ကယ်တင်စောင်မမှုကို မကြာခဏ ကြုံရပါတယ်။ အခုရတဲ့ ဂိုးကလည်း ကံကောင်းထောက်မစွာ ရတဲ့ဂိုးဖြစ်ပေမဲ့ ဂါရက်ဘေးလ်ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ရလာခဲ့တာပါ။ ဗယ်လီကာနိုကို ၂-၀ ဂိုးနဲ့ ရှုံးနေခဲ့တုန်းကလည်း ရော်နယ်ဒိုနဲ့ ဘန်ဇီမားတို့ မရှိခဲ့တဲ့ အချိန်မှာ ဂါရက်ဘေးလ်က နှစ်ဂိုးပြန်သွင်းပေးပြီး ၃-၂ ဂိုးနဲ့ နိုင်အောင်ဖန်တီး ပေးနိုင်ခဲ့ပါသေးတယ်။ ဂါရက်ဘေးလ်ဟာ ရော်နယ်ဒိုရဲ့ ခြေရာကိုကောင်းကောင်းနင်းထားနိုင်တဲ့သူ ဖြစ်ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ