Sports: လီဗာပူး ၃-၀ ဗီလာရီးရဲလ် ပွဲအပြီး လေ့လာစရာ အချက် (၅) ချက်

လီဗာပူးက ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံး အရေးကြီးဖလားကို ယူဖို့အတွက် ဗိုလ်လုပွဲ တက်သွားခဲ့ပါပြီ။

play

 

ဗီလာရီးရဲလ်အသင်းကို လီဗာပူးက အိမ်ကွင်းမှာ သုံးဂိုးပြတ် အနိုင်ယူပြီးနောက် ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဗီလာရီးရဲလ်အိမ်ကွင်းမှာ ၁-၀ ဂိုးနဲ့ လီဗာပူး ရှုံးခဲ့ပေမယ့် အန်ဖီးလ်ကွင်းမှာ ပြန်ကစားရတဲ့ အချိန်မှာတော့ တိုက်စစ်မှူး စတာရစ်ခ်ျရဲ့ ဂိုးအပါအဝင် သုံးဂိုးသွင်းပြီး အနိုင်ရခဲ့တာပါ။ လီဗာပူးနဲ့ ဗီလာရီးရဲလ် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပွဲအပြီး လေ့လာစရာ အချက် (၅) ချက်ရှိပါတယ်။

၁။ လီဗာပူး ပရိသတ်များ

play

 

ဗိုလ်လုပွဲရောက်လာတဲ့ လီဗာပူးအတွက် ပရိသတ်တွေက တာဝန်အကျေဆုံးလို့ ဆိုနိုင်ပါတယ်။ အန်ဖီးလ်ကွင်းမှာ ကစားခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်မှာ လီဗာပူးအသင်း ဘတ်စ်ကား ရောက်လာတော့ ကွင်းပြင်ပမှာ ကြိုဆိုခဲ့ပုံက ဘာနဲ့မှ မတူခဲ့ပါဘူး။ အသင်းသားတွေရဲ့ စိတ်ဓာတ်ကို ပရိသတ်က အမြင့်ရောက်ဆုံးရောက်အောင်  လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။

၂။ ဂျာဂင်ကလော့ပ်

play

 

နည်းပြ ဂျာဂန်ကလော့ရဲ့ ဥရောပအတွေ့အကြုံ မြင့်မားမှုကို တွေ့ခဲ့ရပါပြီ။ လိဂ်မှာ ထိပ်ဆုံးလေးသင်း ဝင်ခွင့်ရအောင် မစွမ်းဆောင်နိုင်ခဲ့ပေမယ့် အခု ဗိုလ်လုပွဲ ရောက်လာခဲ့ပြီဖြစ်လို့ ချန်ပီယံဖြစ်ခဲ့ရင် နောက်နှစ် ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အခွင့်အရေး ရှိနေပါပြီ။

၃။ နောက်ခံလူ လော်ဗရန်

play

 

နည်းပြ ဂျာဂန်ကလော့ ဒေါ့မွန်ကို ကိုင်တွယ်တုန်းက နောက်ခံလူဟမ်းမဲလ်ကို အတော်အားကိုးခဲ့ရပါတယ်။ အခုတော့ လီဗာပူး နောက်ခံလူ လော်ဗရန်က နည်းပြကလော့အတွက် ဟမ်းမဲလ်ဆိုတာ ဒီပွဲမှာ သက်သေပြလိုက်ပါပြီ။ နောက်ရာသီမှာလည်း အသင်းရဲ့ အဓိကကစားသမား ဖြစ်နေဦးမှာါ။

၎။ အန်ဖီးလ်မှာ ဆက်ရှိနေမယ့် စတာရစ်ခ်ျ

play

 

ဒီနှစ်နွေရာသီမှာ တိုက်စစ်မှူး စတာရစ်ခ်ျ အသင်းက ထွက်မယ်လို့ သတင်းထွက်နေတာပါ။ ဒါပေမယ့် နည်းပြကလော့ပ်ရဲ့ ကစားကွက်နဲ့ ပိုပြီး အံဝင်လာမှုကြောင့် တိုက်စစ်မှူးဟာ အသင်းမှာ ဆက်ရှိနေတော့မယ်လို့ ယူဆရပါတယ်။ အသင်းအတွက် အရေးပါတဲ့ ဒုတိယဂိုးကိုလည်း သွင်းယူပေးခဲ့တာပါ။

၅။ ချန်ပီယံ ခြေစွမ်း

play

 

ဗီလာရီးရဲလ်ဟာ သာမန်ခြေစွမ်းနဲ့ အသင်းတစ်သင်း မဟုတ်ပါဘူး။ လာလီဂါမှာ အဆင့်-၄ ရပ်တည်နေပြီး  အိမ်ကွင်းမှာလည်း လီဗာပူးကို ၁-၀ ဂိုးနဲ့ အနိုင်ယူခဲ့တာပါ။ အခုလီဗာပူးက သုံးဂိုးပြတ် ပြန်အနိုင်ယူလိုက်တဲ့အတွက် ချန်ပီယံခြေစွမ်းကို ရနေပြီလို့ ဆိုနိုင်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ