Sports: မန်ယူ စိတ်ဝင်စားနေတဲ့ ဂရိဇ်မန်းအကြောင်း လူသိနည်းတဲ့ အချက် (၅) ချက်

မကြာခင်မှာ ဂရိဇ်မန်းကို ပရီးမီးယားလိဂ်မှာ မြင်တွေ့ရဖို့ ရှိနေပါပြီ။

play

 

ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်ကာ အသလက်တီုအသင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်လာခဲ့ပြီးတဲ့နောက် လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့သူက ဂရိဇ်မန်း ဖြစ်ပါတယ်။ ဂရိဇ်မန်းက ဒီနှစ် ဘောလုံးရာသီမှာ အသလက်တီကိုအတွက် အရေးအပါဆုံး ကစားသမား ဖြစ်နေတာပါ။

မန်ချက်စတာယူနိုက်တက်က ခေါ်ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာပြီးနောက် ဂရိဇ်မန်းအကြောင်းဟာ ပိုပြီး လူပြောများလာပါတယ်။ ဂရိဇ်မန်းအကြောင်း လူသိနည်းတဲ့

အချက် (၅) ချက်ရှိပါတယ်။

၁။ ဂိုးသွင်းဘုရင် ဖြစ်နေခြင်း

play

 

အသလက်တီကိုအတွက်တော့ ဂရိဇ်မန်းက ဒီနှစ်မှာ ဂိုးသွင်းဘုရင်ဖြစ်ပါတယ်။ နံပတ်-၉ လို့ခေါ်တဲ့ အထောင်တိုက်စစ်မှူး စစ်စစ်မဟုတ်ပေမယ့် ဒီရာသီမှာ ဂရိဇ်မန်း အသလက်တီကိုအတွက် ၃၁ ဂိုးအထိ သွင်းထားပါတယ်။ ဒါဟာ မန်ယူက ရွန်နေးနဲ့ မာရှယ်နှစ်ဦးပေါင်း ရထားတဲ့ ၂၉ ဂိုးထက်တောင်များနေပါတယ်။ တစ်နှစ်ထက် တစ်နှစ် အသလက်တီကိုအတွက် ဂရိဇ်မန်းရဲ့ ဂိုးသွင်းနှုန်းက ပိုပိုများလာပါတယ်။

၂။ အရေးကြီးပွဲများတွင် ခြေစွမ်းပြခြင်း

play

 

အထူးသဖြင့် အရေးကြီးတဲ့ ချန်ပီယံလိဂ် ပွဲတွေမှာ အသလက်တီကိုက ဂရိဇ်မန်းရဲ့ ဂိုးတွေနဲ့ အသက်ရှုချောင်လေ့ရှိပါတယ်။ အသလက်တီကိုအသင်းအတွက် ဂရိဇ်မန်းက ချန်ပီယံလိဂ်မှာ ၉ ဂိုးသွင်းပေးခဲ့လို့ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းသူ ဖြစ်လာပါတယ်။ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ ပွဲတွေမှာလည်း ဂရိဇ်မန်းက အဆုံးအဖြတ် ဂိုးတွေ သွင်းခဲ့တာပါ။

၃။ မန်ယူသို့ ရောက်ရန် အလားအလာရှိ

play

 

ဂရိဇ်မန်းရဲ့ အစ်ကို သီယိုဂရိဇ်မန်းက မန်ယူအသင်း ပရိသတ်ပါ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ဂရိဇ်မန်းကို မန်ယူမှာ ကစားတာ မြင်စေချင်တယ်လို့ သီယို ကပြောဖူးထားပါတယ်။

၎။ စာချုပ် သက်တမ်း မတိုးရသေး

play

 

ဂရိဇ်မန်းက အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ မညှိနှိုင်းရသေးပါဘူး။ မန်ယူဘက်က ခေါ်မယ်ဆိုရင် ပေါင်သန်း ၆၀ ကျော်ကျော်လောက်နဲ့ ခေါ်ယူနိုင်မယ်လို့ ဆိုပါတယ်။

၅။ ငယ်စဉ်က အခက်အခဲ

play

 

ဂရိဇ်မန်း ငယ်စဉ်က ဘောလုံးအကယ်ဒမီတွေ တက်ဖို့ ကြိုးစားရာမှာ အခက်အခဲ တစ်ခုရှိခဲ့ဖူးပါတယ်။ အဲဒါက လူကောင်သေးတယ်ဆိုပြီး ဘောလုံး အကယ်ဒမီတွေက ဆက် လက်ခံဖို့ ငြင်းပယ်ခဲ့ကြတာဖြစ်ပါတယ်။ အခုတော့ လူကောင်သေးသေးလေးက ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ကို နောက်ကောက်ချထားခဲ့သူ ဖြစ်နေပါပြီ။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ