Sports: မန်ယူအသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရမယ်ဆိုတဲ့ အကြောင်းပြချက် (၄) ခု

, updated

ချန်ပီယံလိဂ် ဝင်ခွင့်ရ၊ မရ ဆိုတာ မန်ယူအသင်းရဲ့ လက်ထဲမှာ ရှိပါတယ်။

play
မန်စီးတီး ၂-၂ အာဆင်နယ် မြင်ကွင်း

 

ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ မှာ အာဆင်နယ်နဲ့ မန်စီးတီး သရေကျခဲ့ပြီးတဲ့နောက် ချန်ပီယံလိဂ် ဝင်ခွင့်ရရေးအတွက် အဆင့်-၄ နေရာ ဘယ်သူရမလဲဆိုတာ ပိုပြီးစိတ်ဝင်စားစရာ ကောင်းနေပါတယ်။ အဆင့်-၃ အာဆင်နယ်၊ အဆင့်-၄ မန်စီးတီးနဲ့ အဆင့်-၅ မန်ယူတို့ သုံးသင်းလုံး ချန်ပီယံလိဂ် ဝင်ခွင့်မသေချာသေးပါဘူး။ ဒီသုံးသင်းထဲက နှစ်သင်းသာ ချန်ပီယံလိဂ် ဝင်ခွင့် ရမှာပါ။ မန်ယူက လက်ကျန်တစ်ပွဲ ကျန်သေးတာ ဖြစ်တဲ့အတွက် နှစ်ပွဲ ကစားရဦးမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဝင်ခွင့်မရနိုင်တော့တဲ့ အခြေအနေကနေ ချန်ပီယံလိဂ်ဝင်ခွင့်ဟာ မန်ယူအသင်းအတွက် နီးစပ်လာခဲ့ပြန်ပါပြီ။ မန်ယူအသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ သေချာတဲ့ အကြောင်းပြချက် (၄) ခုရှိပါတယ်။

၁။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခြင်း

play

 

မန်စီးတီးက လက်ကျန်ပွဲမှာ ဘာပဲဖြစ်ဖြစ် မန်ယူက နှစ်ပွဲလုံး အနိုင်ရတာနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရမှာပါ။ ဒီတော့ မန်ယူက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိတယ်လို့ ဆိုရပါမယ်။ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်ပွဲနိုင်ဖို့သာ လိုတာပါ။

၂။ ရလဒ်များ ပြန်ကောင်းနေခြင်း

play

 

ပြိုင်ပွဲစုံမှာ မန်ယူအသင်းက နောက်ဆုံး ၇ ပွဲဆက်တိုက် လုံးဝရှုံးပွဲမရှိထားပါဘူး။ တစ်ပွဲသာ သရေကျပြီး ခြောက်ပွဲ အနိုင်ရထားပါတယ်။ ဒါကြောင့် ခြေစွမ်းပုံမှန် ပြန်ဖြစ်နေတဲ့ မန်ယူအတွက် နောက်ဆုံး လက်ကျန်နှစ်ပွဲ ဆက်ပြီး ရလဒ်ကောင်းမယ်ဆိုရင် အဆင်ပြေမှာပါ။

၃။ သမိုင်းကြောင်း

play

 

ပရီးမီးယားလိဂ်လို့ စတင် ပြောင်းလဲခဲ့တဲ့ ၁၉၉၂ ခုနှစ်ကစပြီး မန်ယူအသင်း ချန်ပီယံလိဂ် ဝင်ခွင့်မရတာ တစ်နှစ်ပဲရှိခဲ့ပါတယ်။ ဖာဂူဆန်အနားယူပြီးနောက် ဒေးဗစ်မိုယက်စ် စတင်ကိုင်တွယ်ခဲ့တဲ့ နှစ်မှာပါ။ ဒါကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်ကို တစ်နှစ်ပဲ ဆုံးရှုံးဖူးတဲ့ မန်ယူအတွက် သမိုင်းကြောင်းကောင်းကောင်းရှိတယ်လို့ ဆိုနိုင်ပါတယ်။

၎။ နောက်ဆုံးပွဲက အိမ်ကွင်းဖြစ်နေခြင်း

play

 

ကြားရက်မှာ မန်ယူက ဝက်စ်ဟမ်းနဲ့ ကစားမှာဖြစ်ပါတယ်။ ပထမအကျော့မှာ မန်ယူက အနိုင်ရထားတာပါ။ ၃၈ ပွဲမြောက် နောက်ဆုံးပွဲစဉ်ကိုတော့ လာမယ့် တနင်္ဂနွေနေ့မှာ အသင်းအားလုံး တစ်ချိန်တည်း ကစားကြရမှာဖြစ်ပါတယ်။ နောက်ဆုံးပွဲစဉ်ကို ဘုန်းမောက်နဲ့ ကစားရမှာ ဖြစ်ပြီး အိမ်ကွင်းမှာ ကစားမှာ ဖြစ်တဲ့အတွက် မန်ယူအားသာချက် ရထားပါတယ်။

Photos : Daily mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ