Sports: မန်ယူနည်းပြ ရာထူးအတွက် ဖာဂူဆန်နှင့် ပိုချက်တီနို တွေ့ဆုံခဲ့ဟု သတင်းထွက်

စပါနည်းပြ ပိုချက်တီနိုနဲ့ နည်းပြဟောင်း ဖာဂူဆန်တို့ သီးသန့်တွေ့ဆုံခဲ့ကြပါတယ်။

play

 

မန်ယူအသင်း နည်းပြဟောင်း အဲလက်စ်ဖာဂူဆန်နဲ့ စပါးအသင်းနည်းပြ ပိုချက်တီနိုတို့ လန်ဒန်မြို့မှာ တိတ်တဆိတ် တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတွေ ထွက်လာပြီးနောက် မန်ယူက ပိုချက်တီနိုကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်လာပြန်ပါတယ်။

play

 

လက်ရှိမန်ယူအသင်းရဲ့ အုပ်ချုပ်ရေးပိုင်းမှာ တစ်စိတ်တစ်ပိုင်း တာဝန်ယူထားဆဲဖြစ်တဲ့ ဖာဂူဆန်က ပိုချက်တီနိုကို မန်ယူအသင်းနည်းပြခန့်အပ်ဖို့အတွက် တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်နိုင်တယ်လို့ ဗြိတိန်မီဒီယာအချို့က ခန့်မှန်းရေးသားနေကြပါတယ်။

play

 

လိဂ်မန်နေဂျာများ အစည်းအရုံးမှာ ဖာဂူဆန်နဲ့ ပိုချက်တီနို တွေ့ခဲ့ကြပြီးတဲ့နောက် လန်ဒန်မြို့ အနောက်ပိုင်းက Mayfair မှာ နေ့လယ်စာ စားရင်း စကားပြောခဲ့ကြတာဖြစ်တယ်လို့ စပါးအသင်း တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး  The Sun သတင်းစာက ဖော်ပြပါတယ်။

play

 

ပိုချက်တီနိုက စပါးအသင်းနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်ရှိထားသူ ဖြစ်ပေမဲ့ မန်ယူအသင်းနည်းပြ ရာထူးအတွက် မော်ရင်ဟိုပြီးရင် ရေပန်းအစားဆုံး နည်းပြ တစ်ဦး ဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ