Sports: ဆန်းချက်ဇ် အသင်းမှ ထွက်ခွာမည့်အရေး အာစင်ဝင်းဂါး ခေါင်းခဲနေရ

ဆန်းချက်ဇ်ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ်အပြင် ဂျူဗင်တပ်အသင်းလည်း ပါဝင်လာပါပြီ။

play

 

အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ချီလီကစားသမား ဆန်းချက်ဇ်ကို ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်အပြင် အီတလီထိပ်သီးကလပ် ဖြစ်တဲ့ ဂျူဗင်တပ်အသင်းကလည်း စိတ်ဝင်စားလာတာကြောင့် အာစင်ဝင်းဂါးအတွက် ခေါင်းကိုက်စရာ ဖြစ်လာခဲ့ပါပြီ။

play

 

အာဆင်နယ် တိုက်စစ်ကစားသမား ဆန်းချက်ဇ်ကို ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ ကြိုးစားနေခဲ့တာ ပြီးခဲ့တဲ့ အပြောင်းရွှေ့ကာလကတည်းက ဖြစ်ပါတယ်။ အခု ဂျူဗင်တပ်အသင်းရဲ့ အထွေထွေမန်နေဂျာဖြစ်တဲ့ မိုရော့တာကလည်း ဆန်းချက်ဇ်ကို စိတ်ဝင်စားတဲ့အကြောင်း လူသိရှင်ကြား ထုတ်ပြောလိုက်တာပါ။ အာဆင်နယ် အသင်းဘက်က ဆန်းချက်ဇ်ကို တစ်ပတ်လုပ်ခလစာ ပေါင် တစ်သိန်းခြောက်သောင်းနဲ့ စာချုပ်တိုးဖို့ ကမ်းလှမ်းထားပေမဲ့ အပြီးသတ် သဘောတူညီမှု မရသေးပါဘူး။

play
ဂျူဗင်တပ် တိုက်စစ်မှူး မိုရာတာ

 

တစ်ဖက်မှာ အာဆင်နယ်အသင်း နည်းပြ အာစင်ဝင်းဂါးကလည်း ဂျူဗင်တပ် အသင်းတိုက်စစ်မှူး မိုရာတာကို ခေါ်ဖို့ စိတ်ဝင်စားနေခဲ့တာကြာပြီဖြစ်ပါတယ်။ မိုရာတာဟာ အာစင်ဝင်းဂါးအတွက် နံပါတ်-၁ ဦးစားပေး တိုက်စစ်မှူး ဖြစ်နေဆဲပါ။ မိုရာတာကြောင့် ဆန်းချက်ဇ်နဲ့ ဂျူဗင်တပ် အပြောင်းအရွှေ့ ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ