Sports: အသင်းသစ် ကိစ္စ ဆုံးဖြတ်ရန် အချိန်များစွာ ရှိသေးဟု မော်ရင်ဟို ပြော

မန်ယူနဲ့ ပတ်သတ်ပြီး မော်ရင်ဟိုက ငြင်းချက်ထုတ်တာမျိုးလည်း မလုပ်သေးပါဘူး။

play

 

မန်ယူအသင်းနဲ့ ရာသီသစ်မှာ လက်တွဲသွားဖို့ အခြေအနေဟာ ဖြစ်လာနိုင်သေးတယ်လို့ ချယ်လ်ဆီးအသင်းနည်းပြဟောင်း မော်ရင်ဟိုက အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။

play

 

ပြီးခဲ့တဲ့ အင်္ဂါနေ့ညမှာ မက္ကဆီကို နိုင်ငံကို ရောက်ရှိလာတဲ့ မော်ရင်ဟိုကို ဒေးလီးမေးလ်သတင်းစာက သူ့ရဲ့အနာဂတ်နဲ့ ပတ်သတ်ပြီး မေးမြန်းခဲ့တာဖြစ်ပါတယ်။ "ဆုံးဖြတ်ဖို့ အချိန်တွေ အများကြီးရှိပါသေးတယ်"လို့ မော်ရင်ဟိုက တိုတိုတုတ်တုတ်ပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။ လက်ရှိမှာ မန်ယူအသင်းဘက်ကလည်း နည်းပြဗန်ဟားလ်ကို စာချုပ်သက်တမ်းကုန်တဲ့အထိ ဆက်လက်ခန့်အပ်ထားမလား၊ နည်းပြသစ်ပဲ ရှာမလားဆိုတာ မသေမချာ ဖြစ်နေတဲ့ အချိန်ပါ။

play

 

မော်ရင်ဟိုက ဖီဖာရဲ့ အစည်းအဝေး ညီလာခံတွေ တက်ရောက်ဖို့ မက္ကဆီကို နိုင်ငံကို ရောက်လာခဲ့တာဖြစ်ပါတယ်။ ဂန္တဝင်ကစားသမားတွေ ပါဝင်ကြမယ့် ချစ်ကြည်ရေး ဘောလုံးပွဲစဉ် တစ်ပွဲကိုလည်း စီစဉ်ထားပြီး အဲဒီပွဲမှာ မော်ရင်ဟိုက နည်းပြလုပ်ရမှာပါ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ