play

 

နာမည်ကျော် ဆယ်လီတစ်ဦးဖြစ်တဲ့ ကင်မ်ကာဒါရှီယန်ဟာ မထင်မှတ်ပဲ လီဗာပူး ပရိသတ်တစ်ဦးဖြစ်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြကြပါတယ်။

play

 

လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Snapchat မှာ ကင်မ်ကာဒါရှီယန်က ပို့စ်တစ်ခု တင်ခဲ့တဲ့နောက် မီဒီယာတွေက ဒါကို သတိထားမိခဲ့ကြတာဖြစ်ပါတယ်။ ကင်မ်ကာဒါရှီယန်ရဲ့ ပို့စ်နောက်ခံမှာ ဖွင့်ထားတဲ့ တီဗီက လီဗာပူးပွဲစဉ်ကို ပြသနေတာ တွေ့ရပါတယ်။

play

 

 ဒါကြောင့် ကင်မ်ကာဒါရှီယန်ဟာ လီဗာပူး နည်းပြ ဂျဂန်ကလော့နဲ့ လီဗာပူးအသင်းကို အားပေးသူဆိုပြီး မီဒီယာတွေက ရေးသား ဖော်ပြကြတာဖြစ်ပါတယ်။

play

 

ကင်မ်ကာဒါရှီယန်ရဲ့ ညီမဖြစ်သူ ကန်ဒဲလ်ကတော့ ပီအက်စ်ဂျီ ပရိသတ်ဖြစ်တယ်လို့ သိရပါတယ်။

play

Source :  The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video