Sports: ကမ္ဘာ့တန်ဖိုး အရှိဆုံး ဘောလုံးအသင်းအဖြစ် ရီးရဲလ်မက်ဒရစ် ဆက်လက်ရပ်တည်

ပရီမီးယားလိဂ်မှာတော့ မန်ယူက တန်ဖိုးအရှိဆုံး အသင်းဖြစ်ပါတယ်။

play

 

လက်ရှိ ကမ္ဘာ့ဘောလုံးလောကမှာ တန်ဖိုးအရှိဆုံးနဲ့ အချမ်းသာဆုံး အသင်းက ရီးရဲလ်မက်ဒရစ်ပဲ ဖြစ်နေသေးကြောင်း နှစ်စဉ်ထုတ်ပြန်နေကြ Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဘောလုံးအသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ်က ၂.၄၉ ဘီလီယံ တန်ဖိုးရှိတဲ့အတွက် တန်ဖိုးအရှိဆုံး အသင်းဖြစ်နေတာပါ။ ဒါပေမယ့် အားကစားလောကမှာတော့ ရီးရဲလ်မက်ဒရစ်ထက် ပိုပြီးတန်ဖိုးရှိတဲ့ အသင်းက အမေရိကန်က NFL အသင်းက ဒါးလက်စ်ကောင်းဘွိုင်ဖြစ်ပါတယ်။ ဘောလုံးလောကမှာတော့ ရီးရဲလ်မက်ဒရစ်ပြီးရင် ဘာစီလိုနာက ဒုတိယတန်ဖိုးအရှိဆုံး အသင်းအဖြစ် ရပ်တည်ပြီး ၂.၄၂ ဘီလီယံ ချမ်းသာကြွယ်ဝပါတယ်။

play

 

ပရီးမီးယားလိဂ် အသင်းတွေထဲမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းက တန်ဖိုးအကြီးမားဆုံး ကလပ်အသင်းအဖြစ်ရှိနေဆဲပါ။ စုစုပေါင်း ၂.၂၈ ဘီလီယံ ကြွယ်ဝပါတယ်။ ဖလားအောင်မြင်မှု မရခဲ့ပေမယ့် ယမန်နှစ်ဘောလုံးရာသီက မန်ယူအသင်းရဲ့ ဝင်ငွေဟာ တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။

play

 

မန်ယူက ပရီးမီးယားလိဂ်မှာ တန်ဖိုးအရှိဆုံး အသင်းဖြစ်ပြီး ကမ္ဘာ့အဆင့်မှာတော့ နံပတ် ၃  နေရာမှာ ရှိပါတယ်။ ဒီအသင်းတွေ ပြီးရင် ဘိုင်ယန်မြူးနစ်၊ အာဆင်နယ်၊ မန်စီးတီးတို့က တန်ဖိုးအရှိဆုံး၊ ကြွယ်ဝမှု အများဆုံး အသင်းတွေဖြစ်ပါတယ်။

play

 

 

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ