Sports: ဗန်ဟားလ် ဆက်ရှိနေလျှင် ဂိုးသမားဒီဂီယာ အသင်းပြောင်းဖွယ် ရှိ

အသင်းက ချန်ပီယံလိဂ် ဝင်ခွင့်မရတာကလည်း ဒီဂီယာ အသင်းကထွက်မယ့် အကြောင်းပြချက် တစ်ခုဖြစ်ပါတယ်။

play

 

မန်ယူအသင်းမှာ လက်စွမ်းပြကစားခဲ့တဲ့ ဂိုးသမား ဒီဂီယာဟာ ယခုနှစ်နွေအပြောင်းအရွှေ့မှာလည်း အသင်းကထွက်ခွာဖို့ ကြိုးစားနေပြန်ပြီလို့ သိရပါတယ်။ ဒီဂီယာ အသင်းကထွက်ခွာဖို့ ကြိုးစားရတဲ့ အဓိကအကြောင်းပြချက် နှစ်ခု ရှိတယ်လို့ ဆိုပါတယ်။

play

 

ပထမတစ်ချက်က မန်ယူအသင်းဟာ လာမယ့်ရာသီချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ခွင့်မရတဲ့အတွက်ဖြစ်ပါတယ်။ နောက်တစ်ချက်က အသင်းက နည်းပြဗန်ဟားလ်ကို နောက်တစ်ရာသီ ဆက်လက်ခန့်ထားမယ်ဆိုရင် ဒီဂီယာထွက်ခွာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

မန်ယူအသင်းက သတင်းရင်းမြစ်တစ်ခုရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဒေးလီးမေးလ်သတင်းစာရဲ့ ဖော်ပြချက်အရ ဂိုးသမား ဒီဂီယာကို ရီးရဲလ်မက်ဒရစ်ဘက်က ခေါ်ယူဖို့ ကြိုးစားနေတာ လက်မလျှော့သေးဘူးလို့ ဆိုပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ