Sports: အသင်းနဲ့ လမ်းခွဲတဲ့ ကိစ္စ နည်းပြဗန်ဟားလ် ဘာပြောလဲ

ဗန်ဟားလ်က အက်ဖ်အေဖလားရပြီး နောက်တစ်ရက်မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

play

 

မန်ယူအသင်းနဲ့ မိမိရဲ့ ကြားထဲက အလုပ်ကိစ္စ ပြီးဆုံးသွားပြီဖြစ်ကြောင်း အသင်းနည်းပြ လူးဝစ္စဗန်ဟားလ်က တနင်္ဂနွေနေ့မှာ ကြေငြာလိုက်ပါတယ်။ အသင်းတာဝန်ရှိသူတွေနဲ့ နည်းပြဗန်ဟားလ် တွေ့ဆုံခဲ့ပြီးနောက် အသင်းနဲ့ လမ်းခွဲဖို့ကို လက်ခံလိုက်တယ်လို့ ယူဆရကြောင်း စကိုင်းစပို့တ် သတင်းဌာနက ဖော်ပြပါတယ်။

play

 

ခရစ္စတယ်ပေဲလေ့စ်အသင်းကို အနိုင်ရကာ အက်ဖ်အေဖလား ရခဲ့ပြီးတဲ့နောက် အသင်းပိုင်ရှင် ဂလေဇာမိသားစုက တာဝန်ရှိသူတွေနဲ့ နည်းပြဗန်ဟားလ်တို့ လန်ဒန်မြို့က အသင်းတည်းခိုတဲ့ ဟိုတယ်မှာ တွေ့ဆုံခဲ့တယ်လို့ ယူဆရပါတယ်။ ဟိုတယ်ထဲက ပြန်ထွက်လာတဲ့ နည်းပြဗန်ဟားလ်ကို သတင်းထောက်က မေးမြန်းရာမှာ ဗန်ဟားလ်က အားလုံးပြီးသွားပြီလို့ ပြောခဲ့တာဖြစ်ပါတယ်။

play

 

မော်ရင်ဟိုနဲ့ ပတ်သတ်တဲ့ သတင်းတွေအပေါ် ဘာများပြောချင်ပါသလဲလို့ သတင်းထောက်က မေးမြန်းခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဗန်ဟားလ်က " ဘာမှမရှိပါဘူး။ အားလုံး ပြီးဆုံးသွားပါပြီ" လို့ ပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေကတော့ မန်ယူအသင်းဘက်က  တနင်္လာနေ့မှာ ဒီကိစ္စကို တရားဝင် ကြေငြာလိမ့်မယ်လို့ ရေးသား ထားကြပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ