Sports: ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင် ရော်နယ်ဒို ဒဏ်ရာရ

လေ့ကျင့်ရေးကွင်းမှာ ရော်နယ်ဒိုက ဒဏ်ရာ အသေးစား ရရှိသွားတာပါ။

play

 

လာမယ့် မေလ ၂၇ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် လေ့ကျင့်ခန်းဆင်းနေတဲ့ ရော်နယ်ဒိုဟာ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာအနည်းငယ် ရရှိသွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ရသွားတဲ့ ဒဏ်ရာက မပြင်းထန်ဘူးလို့ အသင်းတာဝန်ရှိသူတွေဘက်က ငြင်းဆိုထားပါတယ်။

play

 

လာမယ့် မေလ ၂၈ ရက်နေ့ညမှာ ရီးရဲလ်မက်ဒရစ်နဲ့ အသလက်တီကိုအသင်းက ဗိုလ်လုပွဲ နွှဲရမှာဖြစ်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရသွားတဲ့အတွက် ရော်နယ်ဒိုဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်း ဆက်မလုပ်နိုင်တော့ပဲ ကွင်းထဲက ထွက်ခွာသွားခဲ့ရပါတယ်။

play

 

ဒါပေမယ့် ရော်နယ်ဒိုဟာ မန်စီးတီးနဲ့ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့မှာ ရခဲ့တဲ့ဒဏ်ရာ အကင်းမသေသေးတာကြောင့် အခု ကြံ့ခိုင်မှု မပြည့်ဖြစ်နေသေးတယ်လို့လည်း ဗြိတိန်မီဒီယာအချို့က ဖော်ပြထားပါတယ်။

Source : IBtime

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ