Sports: ရီးရဲလ်နဲ့မန်ယူ ဥရောပ အချမ်းသာဆုံး အသင်းများအဖြစ် ရပ်တည်

ရီးရဲလ်နဲ့မန်ယူ နှစ်သင်းလုံးက ပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံရှိကြောင်း KPMG စာရင်းက ဖော်ပြပါတယ်။

play


စပိန်လာလီဂါမှ ရဲးရဲလ်မက်ဒရစ်နဲ့ အင်္ဂလန်ပရီးမီးယားလိဂ်မှ မန်ချက်စတာယူနိုက်တက်တို့က ဥရောပမှာ အချမ်းသာဆုံး ဘောလုံးကလပ်အသင်းများအဖြစ် ရပ်တည်နေကြောင်း ဒတ်ခ်ျအခြေစိုက် ဘဏ္ဍာရေးနဲ့စာရင်းအင်း ဝန်ဆောင်ကုမ္ပဏီ KPMG ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

play


ရီးရဲလ်နဲ့မန်ယူ နှစ်သင်းလုံးက ပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံရှိကြောင်း KPMG စာရင်းက ဖော်ပြပါတယ်။ KPMG က ဥရောပအခြေစိုက် ဘောလုံးကလပ်အသင်း ၃၂ သင်းကို စာရင်းပြုစုခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး အသင်းများအဖြစ် ရီးရဲလ်နဲ့မန်ယူ နောက်မှာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။

play


ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်းစာရင်းမှ ထိပ်ဆုံးသုံးသင်းရဲ့ စုစုပေါင်း ပိုင်ဆိုင်မှုတန်ဖိုးမှာ KPMG က စာရင်းပြုစုခဲ့တဲ့ ဥရောပအသင်း ၃၂ သင်း စုစုပေါင်း ပိုင်ဆိုင်မှုတန်ဖိုးရဲ့ သုံးပုံတစ်ပုံ ရှိနေပါတယ်။

လတ်တလောမှာ ဥရောပ အောင်မြင်မှု နည်းပါးနေတဲ့ အင်္ဂလန်အသင်းတွေက လာမယ့် ဘောလုံးရာသီ ရုပ်သံလွှင့်ခ ဝင်ငွေ ဒေါ်လာ ၇.၅ ဘီလီယံကို ထည့်သွင်းတွက်ချက်ခြင်း မပြုသည့်တိုင် စုစုပေါင်း ပိုင်ဆိုင်မှုတန်ဖိုး ၄၀ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ