Sports: ချယ်လ်ဆီးကြောင့် မော်ရင်ဟိုနှင့် မန်ယူစာချုပ် အပြီးသတ်ရန် ကြန့်ကြာနေ

မော်ရင်ဟိုရဲ့ ပုံရိပ်မူပိုင်ခွင့်ကို ချယ်လ်ဆီးက ပိုင်ဆိုင်ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

မန်ယူအသင်းက မော်ရင်ဟိုနဲ့ အပြီးသတ်စာချုပ်ချုပ်လိုက်ပြီဖြစ်ပေမယ့် ပုံရိပ်အသုံးပြုခွင့် ညှိနှိုင်းဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ မော်ရင်ဟိုရဲ့ ပုံရိပ်မူပိုင်ခွင့်ကို အရင်အသင်းဟောင်း ချယ်လ်ဆီးက ပိုင်ဆိုင်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

play

 

မော်ရင်ဟို လိုနည်းပြနဲ့ ရော်နယ်ဒို၊ မက်ဆီတို့လို ကစားသမားတွေ အသင်းနဲ့ စာချုပ်ချုပ်ဆိုတဲ့အခါ ပုံရိပ်မူပိုင်ခွင့်ကိုပါ ထည့်သွင်းချုပ်ဆိုကြရပါတယ်။ ပုံရိပ်အသုံးပြုခွင့် သဘောတူညီမှုမှာ ကြန့်ကြာနေတဲ့အတွက် မော်ရင်ဟိုနဲ့ မန်ယူအသင်းအကြား အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ဖို့ မပြီးပြတ်သေးတာဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် မန်ယူအသင်းဘက်က ချယ်လ်ဆီးကို မော်ရင်ဟိုရဲ့ ပုံရိပ်မူပိုင်ခွင့်အတွက် အနည်းဆုံး ပေါင်သိန်းဂဏန်းပေးချေရမှာဖြစ်တယ်လို့ ဆိုပါတယ်။

play

 

ဒါပေမယ့် မော်ရင်ဟိုကို နည်းပြအဖြစ် ခန့်အပ်ကြောင်းကို ဒီနေ့ဖြစ်တဲ့ ကြဿပတေးနေ့မှာ တရားဝင် ကြေငြာဖွယ်ရှိနေပါတယ်။ ချယ်လ်ဆီးဘက်က ၂၀၀၅ ခုနှစ်မှာ မော်ရင်ဟို နာမည်ကို အသုံးပြုပြီး မှတ်ပုံတင်ထားခဲ့လို့  မော်ရင်ဟိုနာမည်ကို စီးပွားဖြစ်လုပ်ငန်းမှာ အသုံးပြုခွင့် ရရှိထားပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ