Sports: မန်ယူနှင့် မော်ရင်ဟိုအတွက် ရော်နယ်ဒို၏ ဆုတောင်းစကား

မန်ယူအသင်းနဲ့ မော်ရင်ဟိုအတွက် ရော်နယ်ဒိုက ဆုတောင်းစကား ပါးလိုက်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်နဲ့ ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုက မန်ယူအသင်းကို အရင်လို ဖလားပေါင်းများစွာနဲ့ အောင်မြင်တဲ့အသင်းတစ်သင်းဖြစ်အောင် ပြန်တည်ဆောက်ပေးနိုင်လိမ့်မယ်လို့ မန်ယူကစားသမားဟောင်း ရော်နယ်ဒိုက ပြောကြားလိုက်ပါတယ်။ မော်ရင်ဟိုနဲ့ မန်ယူအသင်း စာချုပ်အပြီးသတ်ချုပ်ဖို့ဟာ ကြန့်ကြာနေဆဲဖြစ်ပြီး အသင်းဘက်က တရားဝင်ကြေငြာချက် မထုတ်ပြန်နိုင်သေးပါဘူး။

play

 

LA Sexta ရုပ်သံလိုင်းနဲ့ သီးသန့်အင်တာဗျူး ပြုလုပ်ရာမှာ ရီးရဲလ်မက်ဒရစ်ကစားသမား ရော်နယ်ဒိုက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟို မန်ယူအသင်းကို ကိုင်တွယ်မယ့် ကိစ္စဟာ အသင်းအတွက် ကောင်းမွန်တယ်လို့ မိမိထင်ကြောင်း ရော်နယ်ဒိုက ဆိုပါတယ်။ ဒါ့အပြင် ဒီနေ့အထိ ရင်ထဲမှာရှိနေတဲ့ မန်ယူအသင်း အခုလိုပုံစံဖြစ်နေတာကိုလည်း မမြင်ချင်ဘူးလို့ ရော်နယ်ဒိုက ပြောကြားခဲ့တာပါ။

play

 

"မန်ယူအသင်းဘက်က တကယ်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တာဆိုရင် ကောင်းပါတယ်။ ကျွန်တော့်အထင်ပေါ့လေ။ မန်ယူအသင်းက အထင်ကြီးစရာ ကလပ်အသင်းဖြစ်တဲ့အတွက် အရင်ကလို အောင်မြင်ဖို့ ကျွန်တော်မျှော်လင့်တယ်။ အခုပြီးခဲ့တဲ့နှစ်မှာတော့ မန်ယူက ပုံစံကောင်း ပျောက်ဆုံးနေခဲ့တယ်လေ။ မော်ရင်ဟိုက မန်ယူကို အောင်မြင်မှုတွေ ပြန်ရအောင် လုပ်ပေးနိုင်ဖို့ ကျွန်တော်ဆုတောင်းပါတယ်" လို့ရော်နယ်ဒိုက ပြောခဲ့တာပါ။

play

 

မော်ရင်ဟို ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်ခဲ့တဲ့ နောက်ဆုံးနှစ်မှာ ရော်နယ်ဒိုနဲ့ အနည်းငယ် ကတောက်ကဆ ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ