Sports: မန်ယူမှာ မော်ရင်ဟို ပထမဆုံးလုပ်မယ့် အရာ (၅) ခု

မန်ယူအသင်းနည်းပြဖြစ်ကြောင်း တရားဝင် ကြေငြာပြီးတဲ့အခါ မော်ရင်ဟို ပထမဆုံး လုပ်မယ့်အရာ (၅) ခုရှိပါတယ်။

play

 

ပရိသတ်အများစု အာရုံစိုက်ပြီး စိတ်ဝင်တစား စောင့်ကြည့်ခံခဲ့ရတဲ့ မော်ရင်ဟိုဟာ နောက်ဆုံးမှာ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ လူးဝစ္စဗန်ဟားလ်နေရာကို ဆက်ခံရတော့မယ့် မော်ရင်ဟိုနဲ့ မန်ယူအသင်းရဲ့ အတွဲအဖက်ဟာ ကမ္ဘာ့ဘောလုံးပရိသတ်အားလုံး စိတ်ဝင်စားနေတဲ့အရဖြစ်ပါတယ်။

ပိုပြီးစိတ်ဝင်စားစရာ ကောင်းတာက မန်ယူကို မော်ရင်ဟို ရောက်လာတဲ့အခါ မန်ယူအသင်းရဲ့ ပထမဆုံးအပြောင်းအလဲတွေက ဘာဖြစ်မလဲ ဆိုတာပါပဲ။ မန်ယူနည်းပြဘဝမှာ မော်ရင်ဟို ပထမဆုံးလုပ်မယ့်အရာ (၅) ခုရှိပါတယ်။

၁။ ဂိုးသမား ဒီဂီယာ

play

 

ဂိုးသမား ဒီဂီယာ အသင်းမှာဆက်ရှိစေဖို့အတွက် သေချာအောင် မော်ရင်ဟို စီစဉ်ပါလိမ့်မယ်။ မနှစ်က မဖြစ်သာတဲ့အချိန်မှာ ဒီဂီယာ စာချုပ်သစ်ချုပ်လိုက်ပေမယ့် ရီးရဲလ်မက်ဒရစ်က ခေါ်ဖို့ ကြိုးစားနေပါသေးတယ်။ ဒီဂီယာအသင်းမှာ ဆက်ရှိဖို့ သေချာအောင် မော်ရင်ဟိုက အေးဂျင့်ဂျော့မန်ဒက်စ်နဲ့ပေါင်းပြီး ကြံစည်မှာပါ။

၂။ ပထမဆုံး ခေါ်မည့်ကစားသမား

play

 

မော်ရင်ဟို ပထမဆုံးခေါ်မယ့်ကစားသမားက အီဗရာဟီမိုဗစ်ခ်ျဖြစ်နိုင်ပါတယ်။ မိုဗစ်ခ်ျက အသက်နည်းနည်းကြီးနေပြီဆိုပေမယ့် မော်ရင်ဟို တစ်ရာသီလောက်ဆက်သုံးဖို့ မန်ယူအသင်း ရောက်တာနဲ့ ပထမဆုံး ခေါ်ယူမယ့် ကစားသမား ဖြစ်ပါတယ်။

၃။ ခံစစ်ပြုပြင်မယ်

play

 

မော်ရင်ဟိုဟာ သူကိုင်တွယ်ခဲ့တဲ့ အသင်းတိုင်းမှာ ခံစစ်ကိုအသေအချာတည်ဆောက်ခဲ့သူပါ။ သူ့ရဲ့စိတ်တိုင်းကျ ကစားသမားတွေနဲ့ ခံစစ်ကိုဦးစားပေး တည်ဆောက်သူ ဖြစ်ပါတယ်။ ချယ်လ်ဆီးမှာ တိုက်စစ်မှူး ကောင်းကောင်းမရှိပဲနဲ့ ဖလားယူခဲ့သူပါ။ ဒါကြောင့် ခံစစ်ကစားသမားတွေထပ်ခေါ်ပါလိမ့်မယ်။

၎။ လူငယ်တွေ နေရာရဖို့ ခက်မယ်

play

 

အသင်းရဲ့ လူငယ်ကစားသမားတွေအတွက်တော့ မော်ရင်ဟိုရောက်လာတာ သတင်းဆိုးဖြစ်ပါတယ်။ ကိုင်တွယ်ခဲ့တဲ့ အသင်းမှန်သမျှမှာ မော်ရင်ဟိုက လူငယ်ကစားသမားတွေကို နေရာ ပေးတာမျိုး သိပ်မလုပ်ခဲ့ပါဘူး။ ရက်ရှ်ဖို့၊ ဘော့သ်ဝစ်ဂျက်ဆင်တို့ရဲ့ အနာဂတ်ဟာ စိုးရိမ်ရပါတယ်။

၅။ ထိပ်သီးကစားသမားခေါ်မယ်

play

 

မော်ရင်ဟိုက အသင်းရဲ့လူငယ်ကစားသမားတွေကို နေရာပေးဖို့ထက် ထိပ်သီးအသင်းတွေမှာ ခြေစွမ်းပြသူတွေ၊ ဒါမှမဟုတ် ရွက်ပုန်းသီး ကစားသမားမျိုးတွေကိုသာ သဘောကျတတ်သူ ဖြစ်ပါတယ်။ ဒါကြောင့် မော်ရင်ဟို ရောက်လာပြီးရင် ဈေးကြီးပေးရတဲ့ ကစားသမား တွေပထမဆုံး ခေါ်မှာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ