Sports: ချန်ပီယံလိဂ်ဖလားက ဘာစီလိုနာ၏ ဖလားနှစ်လုံးထက် ပိုသာဟု ရော်နယ်ဒိုပြော

ချန်ပီယံလိဂ်ဖလားက အမှတ်ပေးဖလားနဲ့စပိန်ဘုရင့်ဖလားထက်ပိုပြီး တန်ဖိုးရှိတယ်လို့ ရော်နယ်ဒိုက ဆိုပါတယ်။

play

 

ရီရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ဖလားရရုံနဲ့ ဖလားနှစ်လုံးရခဲ့တဲ့ ဘာစီလိုနာအသင်းထက် အောင်မြင်မှု ပိုရမှာ ဖြစ်ကြောင်း အသင်းတိုက်စစ်ကစားသမား ရော်နယ်ဒိုက ပြောကြားလိုပါတယ်။

ဘာစီလိုနာအသင်းက အမှတ်ပေးချန်ပီယံဖြစ်ခဲ့တဲ့အပြင် စပိန်ဘုရင့်ဖလားကိုလည်း ရရှိခဲ့လို့ ဖလားနှစ်လုံးအောင်မြင်မှု ရခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အသလက်တီကိုနဲ့ ကစားရဦးမှာပါ။ ဒါပေမယ့် ချန်ပီယ့လိဂ် ဖလားတစ်လုံးက ပိုပြီးအောင်မြင်တယ်လို့ ဆိုနိုင်ကြောင်း ရော်နယ်ဒိုက ပြောခဲ့တာဖြစ်ပါတယ်။

play

 

"ချန်ပီယံလိဂ် ဖလားရပြီဆိုရင် ဘာစီလိုနာထက် ပိုအောင်မြင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလားဆိုတာ အားလုံးရဲ့စိတ်ကူးယဉ်အိပ်မက်ထဲက ဖလားတစ်လုံးပါ" လို့ ရော်နယ်ဒိုက ဆိုပါတယ်။ ဘာစီလိုနာအသင်း အမှတ်ပေးချန်ပီယံဖြစ်ခဲ့တယ်ဆိုပေမယ့် ရော်နယ်ဒိုဆိုတဲ့ နာမည်ကိုတော့ ခေါင်းထဲမှာစွဲအောင် မှတ်မိနေကြလိမ့်မယ်လို့ ရော်နယ်ဒိုက ပြောပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ