Sports: ဂွါဒီယိုလာ လက်ထက်မှာ မန်စီးတီး ကစားသမားသစ် ရှစ်ဦး ခေါ်ယူမည်

ကစားသမားသစ်တွေဝယ်ပြီး အသင်းကိုတည်ဆောက်ဖို့ အနည်းဆုံး ပေါင်သန်း ၂၀၀ သုံးစွဲသွားမှာပါ။

play

 

မန်စီးတီးအသင်းကို မကြာခင် ရက်ပိုင်းအတွင်းရောက်လတော့မယ့် နည်းပြဂွါဒီယိုလာက ကစားသမားရှစ်ဦးခန့်ဝယ်ယူဖို့အတွသင်း အသင်းဒါရိုက်တာထံကို တောင်းဆိုထားကြောင်း သိရပါတယ်။

play

 

နည်းပြပယ်လီဂရီနီကိုင်တွယ်ခဲ့တဲ့ ကစားသမားတွေထဲမှာ တိုက်စစ်မှူးအဂူရို၊ ဒီဘရိုင်းနဲ့ ဖာနန်ဒင်စတဲ့ စတဲ့ကစားသမားတွေလောက်သာ နည်းပြဂွါဒီယိုလာအတွက် အဓိက အမာခံ ကစားသမားတွေဖြစ်ဖွယ်ရှိပါတယ်။ ဒဏ်ရာမကြာခဏ ရနေတဲ့ အသင်းခေါင်းဆောင် ကွန်ပနီနဲ့ အသင်းရဲ့ အနာဂတ်ကလည်း မရေမရာ ဖြစ်နေဆဲပါ။ ပထမဆုံးအနေနဲ့ ဒေါ့မွန်ကစားသမား ဂန်ဒိုဂန်ကို ဂွါဒီယိုလာလက်ထက်မှာ မန်စီးတီးအသင်း ပထမဆုံး ခေါ်ယူဖွယ်ရှိပါတယ်။

play

 

ဂန်ဒိုဂန်ပြီးရင် ဘီဘာလ်အိုအသင်းရဲ့ ပြင်သစ်နောက်ခံလူ အဲမရစ်ကို ခေါ်ယူသွားမယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ဘောလုံးရာသီအပြောင်းအရွှေ့ကာလ နှစ်ခုအတွင်းမှာ အသင်းကို ပုံစံသစ်ဖြစ်အောင် တည်ဆောက်သွားဖို့ ဂွါဒီယိုလာ ရည်မှန်းထားပြီး စီမံကိန်းအတွက် စတာလင်ပေါင် သန်း ၂၀၀ လောက်လျာထားကြောင်း သိရပါတယ်။

play

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ