Sports: ယနေ့ည ဗိုလ်လုပွဲက မိမိဘဝအတွက် အရေးအကြီးဆုံး ပွဲစဉ်ဟု တောရက်စ်ပြော

တောရက်စ်က အသလက်တီကိုနဲ့အတူ ဆုတံဆိပ်ကြီးကြီးမားမား မရခဲ့ဖူးပါဘူး။

play

 

ယနေ့ည ရီးရဲလ်မက်ဒရစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ မိမိဘဝအတွက် အရေးအကြီးဆုံး ကစားပွဲတစ်ခု ဖြစ်လာလိမ့်မယ်လို့ အသလက်တီကို တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က ပြောကြားလိုက်ပါတယ်။

play

 

၂၀၀၇ ခုနှစ်မှာ တိုက်စစ်မှူးတောရက်စ်က အသလက်တီကိုအသင်းကိုစွန့်ခွာပြီးလီဗာပူးထံ ရောက်ခဲ့တာပါ။ အဲဒီကမှတဆင့် ချယ်လ်ဆီးအသင်းထံ ရောက်သွားခဲ့ပြီး ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလားတွေ ရရှိခဲ့သလို စပိန်အသင်းနဲ့ ယူရိုချန်ပီယံရှစ်သာမက ကမ္ဘာ့ဖလားချန်ပီယံပါ ဖြစ်ခဲ့တဲ့ ကစာသမားဖြစ်ပါတယ်။ ဒါပေမယ် အသလက်တီုအသင်းမှာ ရှိစဉ်က တော်ရက်စ်ဟာ ဆုတံဆိပ်ကြီးကြီးမားမား မရခဲ့ပါဘူး။

play

 

ယနေ့ည ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ဟာ တောရက်စ်အတွက် အသလက်တီကိုကစားသမားဘဝ အကြီးမားဆုံးဆုတံဆိပ်ကိုရမယ့်ဗိုလ်လုပွဲစဉ် ဖြစ်လာမှာပါ။ " ဒီနေ့ညပွဲက ကျွန်တော့်ဘဝအတွက် အရေးအကြီးဆုံး ပွဲစဉ်ဖြစ်လာမှာပါ။ ကယ်လ်ဒါရွန်(အသလက်တီကိုကွင်း)မှာ ကျွန်တော်ကြီးပြင်းလာတယ်။ နောက်တော့ ကျွန်တော့်ရဲ့ သူရဲကောင်းတွေနဲ့ အတူတွဲ ကစားခွင့်ရခဲ့တယ်" လို့တောရက်စ်က ပြောပါတယ်။

ှSource : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ