Sports: ဗိုလ်လုပွဲအတွက် ရော်နယ်ဒို၏ ဒဏ်ရာအခြေအနေကို ဇီဒန်းထုတ်ဖော်

မကြာသေးခင် ရက်ပိုင်းကပဲ ရော်နယ်ဒိုကလေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာ အနည်းငယ်ရခဲ့တာပါ။

play

 

ချန်ပီယံလိဂ် ပွဲစဉ်အတွက် တိုက်စစ်မှူး ရော်နယ်ဒိုက ရာနှုန်းပြည့်ကြံ့ခိုင်မှု ပြည့်ဝနေတယ်လို့ ရီးရဲလ်မက်ဒရစ် အသင်းနည်းပြ ဇီဒန်းက ပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုက မကြာသေးခင် ရက်ပိုင်းအတွင်းမှာ လေ့ကျင့်ခန်းဆင်းနေရင်း ဒဏ်ရာအနည်းငယ် ရရှိခဲ့သူဖြစ်ပါတယ်။

play

 

ရော်နယ်ဒိုရဲ့ဒဏ်ရာဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအမီ ပြန်သက်သာမလာသေးဘူးဆိုတဲ့ သတင်းတွေကို အသင်းနည်းပြ ဇီဒန်းက ပြန်လည်ချေပလိုက်တာပါ။ ရော်နယ်ဒိုအပြင် တိုက်စစ်မှူး ဘန်ဇီမား၊ ဂါရက်ဘေးလ်တို့လည်း ကြံ့ခိုင်မှု အပြည့်ရှိနေတယ်လို့ ပြောပါတယ်။

play

 

"သူဒဏ်ရာရခဲ့တာဟုတ်ပါတယ်။ ဒါပေမယ့်အခုတော့ ရာနှုန်းပြည့် ကြံ့ခိုင်မှု ပြည့်နေပါပြီ။ မဖြစ်စလောက်ဒဏ်ရာလေးက ဗိုလ်လုပွဲ ကစားဖို့ စိတ်ဓာတ်ပြင်းပြနေသူကို မတားဆီးနိုင်ပါဘူး။ ထပ်ပြောရရင် သူရာနှုန်းပြည့်ကြံ့ခိုင်မှုရှိပါတယ်" လို့ နည်းပြဇီဒန်းက ပြောပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ