Sports: ချန်ပီယံလိဂ် ဗိုလ်လုပွဲကြည့်နေသည့် ရီးရဲလ်ပရိသတ် ၁၂ ဦးကို အိုင်အက်စ်အဖွဲ့ ဝင်ရောက်သတ်ဖြတ်

ရီးရဲလ်မက်ဒရစ်ချန်ပီယံဖြစ်တဲ့ညမှာ ပရိသတ်တွေကတော့ ကံဆိုးခဲ့ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်နဲ့ အသလက်တီကို ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အီရတ်နိုင်ငံ ဘဂ္ဂဒက်မှာ ကြည့်ရှုအားပေးနေတဲ့ ပရိသတ် အနည်းဆုံး ၁၂ ဦးခန့်ကို အိုက်အက်စ်စစ်သွေးကြွ အဖွဲ့ဝင်တွေက ပစ်သတ်လိုက်ကြောင်း သိရပါတယ်။

play

 

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပင်နယ်တီအဆုံးအဖြတ်ခံယူပြီးနောက် ရီးရဲလ်မက်ဒရစ် ချန်ပီယံဖြစ်ခဲ့ချိန်နဲ့ မရှေးမနှောင်းမှာပဲ ဘောလုံးပရိသတ်တွေ အခုလို ဖြစ်ရပ်ဆိုး ကြုံခဲ့ရတာပါ။

play

 

သေဆုံးခဲ့ရသူတွေဟာ ရီးရဲလ်မက်ဒရစ်ကို အားပေးတဲ့ ပရိသတ်တွေဖြစ်တယ်လို့ သိရပါတယ်။ အိုက်အက်စ်အကြမ်းဖက်အဖွဲ့ဝင် သေနတ်သမား လေးဦးခန့်ဟာ ဘဂ္ဂဒက်မြောက်ပိုင်းက ရီးရဲလ်မက်ဒရစ်ပရိသတ်တွေ စုရုံးအားပေးရာနေရာကို ရောက်လာပြီး အကြမ်းဖက်ခဲ့တာဖြစ်ပါတယ်။

play

 

ဒီသတင်းကို သိခဲ့ရပြီးတဲ့နောက် ရီးရဲလ်မက်ဒရစ် အသင်းဥက္ကဌပီရက်ဇ်က ချန်ပီယံလိဂ်ဆုဖလားဟာ အီရတ်က အသက်ပေးခဲ့ရတဲ့ ပရိသတ်တွေကို ရည်ရွယ်တယ်လို့ ဝမ်းနည်းစကား ပြောကြားခဲ့ပါသေးတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ