Sports: ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးသမား (၁၀) ဦး

, updated

မန်ယူအသင်းက လူငယ်တိုက်စစ်မှူးတစ်ဦးလည်း ဒီစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

play

 

ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးသမားစာရင်းကို CIES အဖွဲ့အစည်းက ထုတ်ပြန်ကြေညာရာမှာ ဘာစီလိုနာကလပ်အသင်း ကြယ်ပွင့် မက်ဆီက နံပတ်-၁ နေရာမှာ ရှိနေခဲ့ပါတယ်။

play

 

 မက်ဆီနဲ့ ခေတ်ပြိုင်ကြယ်ပွင့်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ရော်နယ်ဒိုက တန်ဖိုးအရှိဆုံးကစားသမားစာရင်း တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

play

 

play

 

ကမ္ဘာ့ထိပ်သီးကစားသမားအသီးသီးရဲ့ လက်ရှိခြေစွမ်းပြနိုင်မှု၊ လက်ကျန်စာချုပ်သက်တမ်း၊  အသက်အရွယ်နဲ့ ရှေ့ဆက်အောင်မြင်နိုင်မယ့် အလားအလာတွေကို ထည့်သွင်းတွက်ချက်ပြီး ခန့်မှန်း ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒုတိယ တန်ဖိုးအရှိဆုံး ကစားသမားက မက်ဆီရဲ့ ဘာစီလိုနာအသင်းဖော် နေမာဖြစ်ခဲ့ပါတယ်။ တန်ဖိုးအရှိဆုံး ကစားသမားလို့ သတ်မှတ်ခံရတဲ့ မက်ဆီက တန်ကြေး ပေါင် ၁၆၃ သန်းရှိတယ်လို့ ဆိုပါတယ်။

play

 

တန်ဖိုးအရှိဆုံး ကစားသမား ငါးဦး စာရင်းထဲမှာ အသလက်တီကို အသင်း လူငယ်ကစားသမား ဂရိဇ်မန်းနဲ့ စပါးအသင်း တိုက်စစ်မှူး ဟယ်ရီကိန်းတို့ ပါဝင်ခဲ့ပါတယ်။ မန်ယူအသင်းကစားသမား မာရှယ်၊ ဘာစီလိုနာကစားသမား ဆွာရက်ဇ်၊ ဂျူဗင်တပ်ကစားသမား ဒိုင်ဘာလာ၊ မန်စီးတီးက အဂူရိုနဲ့ ဂျူဗင်တပ်က ပေါ့ဂ်ဘာတို့ အသီးသီး ပါဝင်ခဲ့ပါသေးတယ်။

play

 

ကမ္ဘာ့တန်ဖိုးအရှိဆုံး ကစားသမားများနှင့် သူတို့၏ တန်ကြေး

*စတာလင်ပေါင်ဖြင့် တွက်ချက်ထားခြင်းဖြစ်သည်။

၁။ မက်ဆီ (ဘာစီလိုနာ- ၁၆၃ သန်း)

၂။ နေမာ (ဘာစီလိုနာ - ၁၅၅ သန်း)

၃။ ရော်နယ်ဒို ( ရီးရဲလ်မက်ဒရစ် - ၁၀၆ သန်း)

၎။ ဂရိဇ်မန်း (အသလက်တီကို  - ၉၃ သန်း)

၅။ ဟယ်ရီကိန်း (စပါး - ၈၇ သန်း)

၆။ မာရှယ် (မန်ယူ - ၈၆ သန်း)

၇။ ဆွာရက်ဇ် (ဘာစီလိုနာ - ၈၁ သန်း)

၈။ ဒိုင်ဘာလာ (ဂျူဗင်တပ် - ၈၀ သန်း)

၉။ အဂူရို (မန်စီးတီး - ၇၅ သန်း)

၁၀။ ပေါ့ဂ်ဘာ (ဂျူဗင်တပ် - ၇၅ သန်း)

၁၁။ ဂါရက်ဘေးလ် ( ရီးရဲလ်မက်ဒရစ် - ၆၂ သန်း)

၁၂။ ဆန်းချက်ဇ် (အာဆင်နယ် - ၅၈ သန်း)

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး