Sports: ကမ္ဘာ့ဝင်ငွေအများဆုံး အားကစားသမား ရော်နယ်ဒိုဖြစ်လာ

အားကစားသမားတွေထဲမှာ ရော်နယ်ဒိုက ဝင်ငွေအများဆုံး ဖြစ်ပါတယ်။

play

 

ကမ္ဘာပေါ်မှာ ဝင်ငွေအများဆုံး အားကစားသမားစာရင်းထဲမှာ ရော်နယ်ဒိုက ပထမဆုံးအကြိမ် နံပတ်-၁ ဖြစ်လာခဲ့ကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြပါတယ်။ အရင်နှစ်ကတော့ ကမ္ဘာ့ဝင်ငွေအများဆုံး စာရင်းမှာ လက်ဝှေ့ကျော် ပက်ကွီယိုနဲ့ မေဝယ်လ်သာတို့ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

play

 

ဘတ်စကတ်ဘော၊ တင်းနစ်၊ လက်ဝှေ့နဲ့ ဘောလုံး၊ ဖော်မြူလာဝမ်း စတဲ့ထိပ်တန်း အားကစားသမားတွေအထဲမှာ ရော်နယ်ဒိုက ဝင်ငွေအများဆုံး ကစားသမားဖြစ်လာတာပါ။ နောက်နှစ်အတွင်း ရော်နယ်ဒိုရဲ့ တစ်နှစ်စာဝင်ငွေက ပေါင်သန်း ၆၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဘောလုံးကစားတဲ့ လစာငွေက ပေါင် ၂၈.၄ သန်းလောက်ရပြီး ကြော်ငြာနဲ့ အခြား စပွန်ဆာဝင်ငွေတွေက ၂၁.၆ သန်းလောက် ရရှိခဲ့တယ်လို့ သိရပါတယ်။

play

 

ရော်နယ်ဒိုပြီးရင် မက်ဆီက ဒုတိယဝင်ငွေအများဆုံး အားကစားသမားဖြစ်ပါတယ်။ တစ်နှစ်အတွင်း မက်ဆီရဲ့ စုစုပေါင်း ဝင်ငွေက ၅၅.၉ သန်းလောက် ရှိတယ်လို့ သိရပါတယ်။ တတိယဝင်ငွေအများဆုံး အားကစားသမားကတော့ အမေရိကန်ဘတ်စကတ်ဘောသမား လီဘရွန်ဂျိမ်းစ်ဖြစ်ပြီး နံပတ်လေး နေရာမှာ တင်းနစ်ကစားသမား ဖက်ဒါးရား ရှိပါတယ်။

play

 

ကမ္ဘာ့လစာ အများဆုံးရတဲ့ အားကစားသမားဆယ်ဦးထဲမှာ တင်းနစ်၊ အမေရိကန်ဖွတ်ဘော၊ ဘတ်စကတ်ဘောနဲ့ ဂေါက်ဖ်သီးကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ ဘောလုံးသမားကတော့ ရော်နယ်ဒိုနဲ့ မက်ဆီ နှစ်ဦးသာ ပါဝင်ခဲ့တာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ