Sports: နောက်ဆုံးမိနစ်မှာ ရတဲ့ အနိုင်ဂိုးနဲ့ ပြင်သစ် ပွဲဦးထွက် နိုင်ပွဲရ

, updated

ဝက်စ်ဟမ်းကစားသမား ပေယက်က ဒီကနေ့ ပြင်သစ်အတွက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

play

 

ပြင်သစ်နဲ့ ရိုမေးနီးယားပွဲစဉ်မတိုင်ခင် နာမည်ကျော် ဒီဂျေသမား David Guetta နဲ့ အဆိုတော် Zara တို့လည်း တင်ဆက်ခဲ့ပါသေးတယ်။

play

 

ယူရို၂၀၁၆ ဖွင့်ပွဲအဖြစ် အိမ်ရှင်ပြင်သစ်အသင်းနဲ့ ရိုမေးနီးယားတို့ ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် အိမ်ရှင် ပြင်သစ်က ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ပြင်သစ်အသင်းရဲ့ ဝက်စ်ဟမ်းကစားသမား ပေယက် ခြေစွမ်းပြခဲ့လို့ ဒီနေ့ပွဲစဉ်မှာ ပြင်သစ် သုံးမှတ်အပြည့်ရခဲ့တာပါ။

play

 

အိမ်ရှင်ပြင်သစ်က အဖွင့်ပွဲအတွက် အတောင့်တင်းဆုံး လူစာရင်းကို ပွဲထုတ်ခဲ့ပြီး တိုက်စစ်မှာ ဂျီရော့ဒ်၊ ပေယက်နဲ့ ဂရိဇ်မန်း၊ ကွင်းလယ်မှာ လက်စတာကစားသမား ကန်တေးနဲ့ ဂျူဗင်တပ်က ပေါ့ဂ်ဘာတို့ကိုပွဲထုတ်ခဲ့တာပါ။ ဒါပေမဲ့ အဖွင့်ပွဲရဲ့ ထုံးစံအတိုင်း ပထမပိုင်းမှာ အိမ်ရှင်ပြင်သစ်က ရိုမေးနီးယားကို အဖွင့်ဂိုးသွင်းဖို့ ခက်ခဲနေခဲ့တာတွေ့ရပါတယ်။

play

 

ဂိုးရလုနီးနီး  အခွင့်အရေးတွေ ပထမပိုင်းမှာတင်ရခဲ့ပေမဲ့ တကယ်တမ်း အဖွင့်ဂိုး ရသွားတာ ဒုတိယပိုင်းမှာ ဖြစ်ပါတယ်။ ပွဲချိန် ၅၇ မိနစ်မှာ ပေယက်ရဲ့ ပေးပို့ချက်ကို ပေါ့ဂ်ဘာ အပိုင်ပိတ်သွင်းပေမဲ့ ရိုမေးနီးယား ဂိုးသမားဆီ တည့်တည့်ရောက်သွားလို့ ထောင့်ကန်ဘောသာရပါတယ်။

play

 

 ထောင့်ကန်ဘောကတစ်ဆင့် ပြန်ထွက်လာတဲ့ ဘောလုံးကို ပေယက်က ဘယ်ခြမ်းက ဖြတ်တင်ပေးရာမှာ ဂျီရော့ဒ်က နောက်ပြန်ခေါင်းတိုက်ချက်နဲ့ အဖွင့်ဂိုး သွင်းပေးခဲ့တာဖြစ်ပါတယ်။

play

 

ဒါပေမဲ့ ပြင်သစ်ရဲ့ ဦးဆောင်ဂိုးက ကိုးမိနစ်သာ ကြာရှည်ခံခဲ့ရပါတယ်။ ၆၄ မိနစ်မှာ ပင်နယ်တီပေးရပြီး ရိုမေးနီးယားအသင်းရဲ့ ကစားသမား စတန်ကူ အမှားအယွင်းမရှိ ကန်နိုင်ခဲ့ပါတယ်။

play

 

ဒါပေမဲ့ ပွဲပြီးခါနီး ၈၉ မိနစ်အရောက်မှာ အိမ်ရှင် ပြင်သစ်အသင်း အနိုင်ဂိုး ရသွားခဲ့ပါတယ်။ ကန်တေးရဲ့ ပေးပို့မှုကို တိုက်စစ်ကစားသမား ပေယက်က ကိုက် ၂၀ အကွာက ကန်သွင်းယူလိုက်တာဖြစ်ပါတယ်။

play

 

ပွဲပြီးဖို့ တစ်မိနစ်အလိုမှာ သွင်းယူလိုက်တဲ့ ပေယက်ရဲ့ ဂိုးကြောင့် အိမ်ရှင်ပြင်သစ်ဟာ ပွဲဦးထွက် လှပခဲ့ပါတယ်။

Source : Goal/ Daily Mail

ပွဲပြီး Highlight ကြည့်ရှုရန်

https://web.facebook.com/duwun/videos/586099464885487/

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး