Sports: အင်္ဂလန်ပရိသတ်နှစ်ဦး ဓါးထိုးခံရပြီး အသက်အန္တရာယ် စိုးရိမ်ရ

အင်္ဂလန်နဲ့ ရုရှားအသင်း ကစားခဲ့တဲ့ပွဲစဉ်မတိုင်မှာ နှစ်ဖက်ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့တာပါ။

play

 

အင်္ဂလန်နဲ့ ရုရှားအသင်း ကစားခဲ့တဲ့ပွဲစဉ်မတိုင်မှာ နှစ်ဖက်ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့လို့ အင်္ဂလန်ပရိသတ်နှစ်ဦး ဒဏ်ရာ အပြင်းအထန်ရပြီး အသက်အန္တရာယ် စိုးရိမ်နေရကြောင်း သိရပါတယ်။

play

 

ရဲတပ်ဖွဲ့နဲ့ ပရိသတ်တွေအကြား ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေအပြင် ပရိသတ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် အင်္ဂလန်ပရိသတ် ၂၀ ဦးခန့် ဆေးရုံရောက်နေပြီလို့ သတင်းတွေက ဆိုပါတယ်။ ယမန်နေ့ညက ဖြစ်ပွားခဲ့တဲ့ ကိစ္စမှာ ရုရှားပရိသတ်တွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်ခဲ့မှုကြောင့် ပရိသတ်နှစ်ဦး ဓားဒဏ်ရာတွေနဲ့ ဆေးရုံရောက်ခဲ့တာဖြစ်ပါတယ်။

play

 

"ကျွန်တော်မြင်ခဲ့ရတဲ့ အင်္ဂလန်ပရိသတ်တစ်ယောက် သူ့ဘာသူနေတဲ့အချိန်မှာ ရုရှားပရိသတ် ငါးယောက်၊ခြောက်ယောက်လောက် ဝိုင်းပြီးတိုက်ခိုက်ခဲ့ကြတာပါ" လို့ မာဆေးလ်မြို့က မြင်ကွင်းကို မြင်ခဲ့ရတဲ့ အင်္ဂလန်ပရိသတ်တစ်ဦးက Mirror သတင်းစာကို ပြန်လည် ဖောက်သည်ချပါတယ်။

play

 

ပရိသတ်တွေအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အပြင် ရဲတပ်ဖွဲ့နဲ့ အင်္ဂလန်ပရိသတ်တွေကြား အဓိကရုဏ်းဖြစ်ပွားခဲ့မှုလည်း ရှိခဲ့ပါတယ်။

play

 

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ