Sports: ခင်ပွန်းရဲ့ ပထမဆုံးအကြိမ် ယူရိုပြိုင်ပွဲကို လိုက်အားပေးတဲ့ ဗာဒီရဲ့ဇနီး

ဘောလုံးသမားတစ်ယောက်ရဲ့ ဇနီးအဖြစ် သူမရဲ့ ပထမဆုံးအတွေ့အကြုံလည်း ဖြစ်ပါတယ်။

play

 

ယူရို ၂၀၁၆ ပြိုင်ပွဲမှာ အင်္ဂလန် လက်ရွေးစင်အဖြစ် ပါဝင်နေတဲ့ လက်စတာတိုက်စစ်မှူး ဂျေမီဗာဒီနဲ့ အတူ ပြင်သစ်မြေကို ရောက်နေတဲ့ ဇနီးသည် ဘက်ကဗာဒီက သူမရဲ့အတွေ့အကြုံတွေကို ပြန်ရှင်းပြလိုက်ပါတယ်။

play

 

ဘောလုံးသမားတစ်ယောက်ရဲ့ ဇနီးသည်အနေနဲ့ အခုလို အတွေ့အကြုံမျိုးဟာ သူမအတွက် ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဘက်ကီကပြောပါတယ်။ သူမအနေနဲ့ ဗာဒီကို အားပေးဖို့ ပြင်သစ်မြေကို လာရတာ ဘာနဲ့တူသလဲဆိုရင် ပထမဆုံး ကျောင်းအသစ်ကို ပြောင်းသွားတဲ့ မိန်းကလေးတစ်ယောက် ပထဆုံးကျောင်းစတက်ရတဲ့ အတွေ့အကြုံလိုပါပဲတဲ့။

လက်စတာအသင်းနဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ တိုက်စစ်မှူး ဗာဒီကလည်း အခုမှ ပထဆုံးအကြိမ် ယူရိုပြိုင်ပွဲ ဝင်ရောက်ကစားခွင့် ရတာဖြစ်ပါတယ်။ အိမ်မှာကျန်ခဲ့တဲ့ကလေးငယ်တွေကတော့ သူတို့အဖေဖြစ်သူကို တစ်ခါမှ ဒီလိုမခွဲဖူးတဲ့အတွက် လွမ်းနေကြတယ်လို့ ဘက်ကီက The Sun သတင်းစာကို ဖောက်သည်ချခဲ့တာပါ။

play

 

ပြိုင်ပွဲတစ်ပွဲ မကစားမီ အချိန်တိုင်း သူမ ဗာဒီကို ပြောလေ့ရှိတဲ့ စကားက သူများတွေလို "ကံကောင်းပါစေ" ဆိုတဲ့ စကားမဟုတ်ပါဘူး။ "

ကျွန်မဘယ်တော့မှ သူ့ကိုကံကောင်ပါစေလို့မပြောပါဘူး။ ဂိုးတွေများများသွင်းခဲ့။ ရှင်က အရမ်းကောင်းတဲ့ ကစားသမားပဲမဟုတ်လား" လို့ပဲ ကျွန်မပြောလေ့ရှိတယ် လို့ ဘက်ကီက ပြောပြပါတယ်။

Source & Photos : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ