Sports: လက်ထိဂိုးပေးခဲ့ရလို့ ဘရာဇီး ရှုံးပွဲတွေ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရ

ပီရူးအသင်းက အငြင်းပွားဖွယ်ရာ လက်ထိဂိုးနဲ့ ဘရာဇီးကို အနိုင်ရပြီး ကွာတားဖိုငနယ် တက်ရောက်သွားပါတယ်။

play

 

ကိုပါအမေရိက ပြိုင်ပွဲမှာ  ဘရာဇီးက ပီရူးအသင်းကို တစ်လုံးတည်းသော ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲက ထွက်ခဲ့ရပြီဖြစ်ပါတယ်။ ကိုပါအမေရိက ပြိုင်ပွဲတစ်လျှောက် အငြင်းပွားဖွယ်ရာ အဖြစ်ဆုံးဂိုးကို ပီရူးအသင်းက သွင်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဂိုးအဖြစ် သတ်မှတ်ခဲ့လို့ ဘရာဇီး နစ်နာခဲ့ရပါတယ်။

play

 

နှစ်ပွဲကစားပြီး လေးမှတ်ပဲ ရထားတဲ့ နှစ်သင်းတွေ့ဆုံခဲ့တာဖြစ်ပြီး ရှုံးနိမ့်သွားတဲ့ ဘရာဇီးက ပြိုင်ပွဲကထွက်ခဲ့ရတာဖြစ်ပါတယ်။ နေမာမပါတဲ့ ဘရာဇီးအသင်းမှာ တိုက်စစ်ကို ဝီလျံ၊ ကော်တင်ဟိုနဲ့ ဂါဘရီရယ်တို့ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

play

 

ပွဲချိန် ၇၅ မိနစ်မှာ အငြင်းပွားဖွယ်ရာဂိုးကို ဘရာဇီး ပေးလိုက်ရတာဖြစ်ပါတယ်။ ညာခြမ်းကနေ ပိုလို ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ပီရူးကစားသမား ရူအီဒိုင်ရက်ဇ်က ပိတ်သွင်းလိုက်တာဖြစ်ပါတယ်။ ဒီဂိုးကို အနှေးပြကွက်နဲ့ ပြန်ပြချိန်မှာ ရူအီဒိုင်ရက်ဇ်က ဘောလုံးကို ခြေထောက်နဲ့ ပိတ်သွင်းတာ မဟုတ်ပဲ လက်နဲ့ ပိတ်သွင်းတာ ဖြစ်နေခဲ့ပါတယ်။

play

 

အဆိုပါဂိုးအတွက် ဘရာဇီးအသင်းရဲ့ ပြင်းပြင်းထန်ထန် စောဒကတက်မှုကြောင့် ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်တွေ အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ရပါသေးတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်က ဂိုးအဖြစ်သတ်မှတ်ခဲ့လို့ ပီရူးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုး ရခဲ့တာဖြစ်ပါတယ်။

play

 

လက်ကျန်ပွဲချိန် ဆယ်မိနစ်ကျော်အတွင်းမှာ ဘရာဇီး ဆက်တိုက်ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ချေပဂိုး မရခဲ့တဲ့အတွက် ရှုံးပွဲတွေ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပြီဖြစ်ပါတယ်။ ဘရာဇီး ပါဝင်တဲ့ အုပ်စု (B) မှာ  ပီရူးအသင်းက အုပ်စုပထမရပြီး အီကွေဒေါက အုပ်စုဒုတိယရကာ ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ၁၉၈၇ နောက်ပိုင်း ပထမဆုံး အကြိမ် ဒီပြိုင်ပွဲမှာ ဘရာဇီးက အုပ်စုအဆင့်က ထွက်ခဲ့ရတာဖြစ်ပါတယ်။

Source : Daily Mail/ Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ