Sports: ပင်နယ်တီ ကန်သွင်းဖို့ နည်းလမ်း (၅) ခု

ပင်နယ်တီကန်တဲ့အခါ ဂိုးဝင်ဖို့ သေချာစေမယ့် နည်းလမ်းတွေ ရှိပါတယ်။

play

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ ယနေ့ခေတ် ဘောလုံးစည်းမျဉ်းအရ ဖလားပြိုင်ပွဲတွေမှာ အချိန်ပိုကစားပြီးတဲ့အထိ အနိုင်အရှုံးမပေါ်ရင် ပင်နယ်တီအဆုံးအဖြတ်ကို ခံယူကြရပါတယ်။ ပင်နယ်တီအဆုံးအဖြတ်ခံယူခြင်းဟာ အလောင်းအစား ပိုဆန်တယ်ဆိုတဲ့ ဝေဖန်မှု အချို့လည်း ရှိပါတယ်။

ပင်နယ်တီ အဆုံးအဖြတ်ခံယူရတဲ့အခါ စိတ်အလှုပ်ရှားရဆုံးသူက ကိုယ်တိုင်ကန်မယ့် ကာယကံရှင် ဘောလုံးသမားဖြစ်ပါတယ်။ အဆင့်မြင့်ပြိုင်ပွဲတွေမှာ ဆိုရင် ပိုလို့တောင် ဖိအားများပါသေတးယ်။ ပင်နယ်တီကို စနစ်တကျ ကန်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။

၁။ ဘာမှမတွေးနဲ့

play

 

ဒီပင်နယ်တီမဝင်ရင်ဘာဖြစ်မလဲ၊ ဝင်ရင်ဘာဖြစ်မလဲ စတာတွေ မတွေးဖို့လိုသလို ဖြစ်နိုင်ရင် အဲဒီအချိန်မှာ ကိုယ့်ရှေ့က ဂိုးသမားက လွဲလို့ အကုန်လုံးကို မေ့ထားပစ်ရမှာပါ။

၂။ ထောင့်ထဲရောက်အောင်ကန်

play

 

ဒါကတော့ လေ့ကျင့်မှုနဲ့ ပိုသက်ဆိုင်ပါတယ်။ ပင်နယ်တီကန်တဲ့အခါ ဝင်ဖို့သေချာချင်ရင်တော့ ဂိုးဆယ်ပြားစေ့ထောင်တွေကို ကန်နိုင်ရင် ဂိုးရဖို့ သေချာပါတယ်။ ဂိုးတိုင်ဘေးက ကိုကပ်နိုင်သမျှ ကပ်အောင်ကန်နိုင်ရင်လည်း ဂိုးသမားဖမ်းမိဖို့ အခွင့်အရေး နည်းပါတယ်။

၃။ တအားကြုံးကန်

play

 

နံပါတ် ၂ အကြံပေးချက်လို ဂိုးထောင့်တွေထဲ ကန်ဖို့ ယုံကြည်ချက် သိပ်မရှိဘူးဆိုရင် တအား ကြုံးသာကန်လိုက်ပါ။ ဥပမာ ရွန်နေးရဲ့ ပင်နယ်တီကန်ချက်လိုမျိုးပါ။ အရှိန်မြန်လွန်းတဲ့ ကန်ချက်ကို ဂိုးသမားဖမ်းမိဖို့ မလွယ်ပါဘူး။ ဂိုးမလွဲအောင်တော့ ဂရုစိုက်ရမှာပါ။

၎။ ဂိုးသမားကို ဂရုမစိုက်နဲ့

play

 

သူဘယ်ဘက်ကို ဖမ်းမလဲဆိုတာ ဂရုမစိုက်နဲ့လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင်မကန်ခင် အာရုံထွေပြားအောင် လုပ်တဲ့အနေနဲ့ ဂိုးသမားတွေက ဂဏှာမငြိမ် လုပ်ပြတတ်ကြပါတယ်။ ဒါကို မကြည့်မိပါစေနဲ့။ ဒါမှမဟုတ် အာရုံမစိုက်ပါနဲ့။

၅။ ဂိုးအလယ်ကို ကန်

play

 

ပင်နယ်တီဖမ်းတဲ့ ဂိုးသမား အများစုက ဘယ်ဘက်၊ သို့မဟုတ် ညာဘက်ကိုတော့ ပစ်လှဲပြီး ဖမ်းတတ်ကြတာပါပဲ။ အများအားဖြင်တော့ သူတို့လှဲချလိုက်တဲ့အခါ ဂိုးအလယ်မှာ သင်လွတ်လွတ်လပ်လပ် ကန်လို့ရမှာ ဖြစ်ပါတယ်။ ဒါမျိုး ဂိုးသမားတိုင်းကိုတော့ လုပ်နိုင်မှာ မဟုတ်ပါဘူး။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ