Sports: အသက် ၇၅ နှစ်အရွယ်တွင် ပီလီ တတိယအိမ်ထောင် ထူထောင်

ပီလီရဲ့ ကျန်းမာရေး ပြဿနာကြောင့် မင်္ဂလာပွဲကို နောက်ဆုတ်ထားခဲ့ရတာပါ။

play

 

ဘရာဇီးဂန္တဝင်ဘောလုံးသမားကြီး ပီလီက အသက် ၇၅ နှစ်အရွယ်မှာ တတိယအိမ်ထောင်တစ်ခုကို ထပ်မံထူထောင်လိုက်ပြီလို့ သိရပါတယ်။ လက်တွဲလာတာ ခြောက်နှစ်ရှိပြီဖြစ်တဲ့ ချစ်သူ မာစီယာနဲ့ ပီလီတို့ ရွှေလက်တွဲဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

play

 

မင်္ဂလာပွဲကို ဒီထက် စောစောကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် ပီလီရဲ့ ကျန်းမာရေးအခြေအနေကြောင့် နောက်ဆုတ်ခဲ့ရတာလည်းဖြစ်ပါတယ်။ ပီလီထံမှာ ပထမအိမ်ထောင်တွေနဲ့ ရထားတဲ့ သားသမီးသုံးဦးရှိပါတယ်။ ပီလီရဲ့ဇနီးသည်ဖြစ်လာတဲ့ မာစီယာက ဂျပန်သွေးနှောသူ တစ်ယောက်လည်းဖြစ်ပါတယ်။

play

 

သူတို့နှစ်ဦးက ၂၀၀၈ ခုနှစ်တုန်းက ပထမဆုံးအကြိမ် နယူးယော့ခ်ပါတီတစ်ခုမှာ တွေ့ခဲ့ကြတာဖြစ်ပြီး နောက်ထပ် နှစ်နှစ်အကြာ ပထမဆုံး တွေ့ခဲ့တဲ့နေရာဖြစ်တဲ့ ဓာတ်လှေကားထဲမှာပဲ တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ကြပြန်တာဖြစ်ပါတယ်။ စပြီး ချိန်းတွေ့ခဲ့ကြတာကတော့ ၂၀၁၀ မှာ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ