Sports: ကွာတားတက်ဖို့ လက်ကျန်ပွဲတွေ အနိုင်ရလိုနေတဲ့ မြန်မာယူ-၁၆အသင်း

အုပ်စုဒုတိယနေရာရဖို့ လက်ကျန်ပွဲစဉ်တွေ ဂိုးပြတ်အနိုင်ရဖို့ လိုအပ်နေပါတယ်။

play

 

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံယူ-၁၆ ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့  မြန်မာ ယူ-၁၆ အသင်းအနေနဲ့ ဒီနေ့ည ၆း၀၀ နာရီမှာ ကစားမယ့် မလေးရှားအသင်းနဲ့ ပွဲစဉ် ၊ ဇူလိုင် ၁၈ ရက်မှာကစားမယ့် ဖိလစ်ပိုင်အသင်းနဲ့ပွဲစဉ်တွေကို အနိုင်ရဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

ဒီနေ့ယှဉ်ပြိုင်ကစားရမယ့် မလေးရှားအသင်းကို ဗီယက်နမ်အသင်းက သုံးဂိုးသွင်းပြီး အနိုင်ယူထားတာကြောင့် မြန်မာအသင်းအနေနဲ့ နောက် တစ်ဆင့်တက်ဖို့ ရုန်းကန်ရမယ့် အနေအထားရှိနေပါတယ်။

play

 

ဒီနေ့ပွဲစဉ်ဟာ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့  နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ပွဲစဉ်တစ်ခုဖြစ်ပြီး လက်ကျန်ပွဲစဉ်တွေကို ဂိုးပြတ်အနိုင်ရမှပဲ အုပ်စုဒုတိယအဖြစ် မျှော်လင့်လို့ရမှာပါ ။

အသင်း ခြောက်သင်းပါတဲ့ အုပ်စု(က)မှာ ပွဲစဉ် သုံးပွဲစီကစားအပြီး ဗီယက်နမ်အသင်းက သုံးပွဲနိုင် ရမှတ်ကိုးမှတ်နဲ့ အုပ်စုပထမ ၊ သြစတြေးလျအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲ သရေ၊တစ်ပွဲရှုံးနဲ့ ရမှတ်လေးမှတ်နဲ့ အုပ်စုဒုတိယနဲ့  မြန်မာအသင်းက  တစ်ပွဲနိုင်၊ တစ်ပွဲ သရေ၊တစ်ပွဲရှုံးနဲ့ ရမှတ်လေးမှတ်နဲ့ အုပ်စုတတိယအဖြစ်ရပ်တည်နေပါတယ်။

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ