Sports: ရီယိုအိုလံပစ်အတွက် ခန္ဓာကိုယ်ဆေးရောင်ခြယ်ပြီး လှုံ့ဆော်မှုပြုလုပ်တဲ့ ဘရာဇီးက မစ္စဘမ်ဘမ်း

ရီယိုအိုလံပစ်အတွက် ဒီလိုကိုယ်စားပြုခွင့်ရလို့ ဂုဏ်ယူတယ်လို့လည်း သူမက ပြောပါတယ်။

play

 

ဘာစီလိုနာအသင်းနဲ့ ဘာစီလိုနာကစားသမားတွေကို အမြဲအားပေးလေ့ရှိတဲ့ ဘရာဇီးတင်ပါးအလှမယ် မစ္စဘမ်ဘမ်းက အခုလည်း ရီယိုအိုလံပစ်ပြိုင်ပွဲကို အားပေးကြဖို့ အင်စတာဂရမ်မှာ လှုံ့ဆော်မှုတွေ ပြုလုပ်လိုက်ပါတယ်။

play

 

ပြဿနာများစွာ ရှိနေတဲ့အတွက် ဘရာဇီးမှာကျင်းပမယ့် ရီယိုအိုလံပစ်ပြိုင်ပွဲကို ပရိသတ် လာရောက်မှု နည်းပါးနိုင်ခြေရှိနေတဲ့ အချိန်မှာ မစ္စဘမ်ဘမ်းက အခုလို လှုံ့ဆော်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူမတစ်ကိုယ်လုံးကို အိုလံပစ်အမှတ်တံဆိပ် ဆေးရောင်ခြယ်ပြီး ဓာတ်ပုံတွေ ရိုက်တင်ခဲ့တာဖြစ်ပါတယ်။

play

 

သူမရဲ့ ခန္ဓကိုယ်မှာ အိုလံပစ်ပြိုင်ပွဲအတွက် ဒီလိုကိုယ်စားပြုခွင့်ရလို့ ဝမ်းသာကျေနပ်ခြင်းများစွာနဲ့ ဒီဆေးရောင်ခြယ် ခန္ဓာကိုယ်ကို တင်ရခြင်းဖြစ်တယ်လို့ မစ္စဘမ်ဘမ်း ဆုရထားတဲ့ ဆူဇီကော့တက်ဇ်က ရေးသားထားပါတယ်။

play

 

ရီယိုအိုလံပစ် ၂၀၁၆ အတွက် အမှတ်တံဆိပ် လိုဂိုကို သူမရဲ့ ရင်ညွှန့်မှာ ဆေးရောင်ခြယ်ထားပါသေးတယ်။ သူမဟာ ဘာစီလိုနာကို အစဉ်တစိုက်အားပေးသူဖြစ်ပြီး မက်ဆီရဲ့  ပင်တိုင်ပရိသတ်လည်း ဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ