Sports: ရုရှား အားကစားအဖွဲ့ဝင်များ အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရဖွယ်ရှိ

လာမယ့် အိုလံပစ်ပွဲတော်မှာလည်း ရုရှားအားကစားအဖွဲ့တွေ ပါဝင်ခွင့်ရဖို့ မသေချာ ဖြစ်နေပါတယ်။

play

 

၂၀၁၄ ဆိုချီဆောင်းရာသီအိုလံပစ်ပွဲတော်မှာ ဆေးကျတဲ့အားကစားသမားတွေဖြစ်ရပ် ပေါ်ပေါက်ခဲ့တာကြောင့် ရုရှားကို အိုလံပစ် ပြိုင်ပွဲဝင်ခွင့်ပိတ်ပင်သင့်တယ်လို့ ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့အစည်းက တိုက်တွန်းလိုက်ပါတယ်။

play

 

ရုရှားကစားသမားတွေ တားမြစ်ဆေးသုံးစွဲခဲ့တဲ့နောက်ကွယ်မှာ အာဏာပိုင်တွေကိုယ်တိုင်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်စတင်ကာ အဲဒီအစီအစဉ်ကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ရုရှားအားကစားသမားအချို့ တားမြစ်ဆေးသုံးစွဲမှု ပေါ်ပေါက်စေခဲ့တဲ့ စစ်ဆေးချက်နမူနာတွေပျောက်သွားတဲ့ ကိစ္စမှာလည်း ရုရှားအစိုးရ လက်ချက်အဖြစ် စွပ်စွဲထားကြပါတယ်။

play

 

ဒါကြောင့် ရုရှားအိုလံပစ်ပြိုင်ပွဲဝင် အဖွဲ့အစည်းတစ်ခုလုံးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။ နိုင်ငံတကာ အိုလံပစ် ကော်တီက ဒီဖြစ်ရပ်အတွက် ရုရှားအပေါ် ဆုံးဖြတ်ချက်ကို ဇူလိုင် ၁၉ ရက်နေ့(ယနေ့)မှာ ကြားနာမှာ ဖြစ်ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ