AD
AD
AD
play

 

ဘရာဇီးမှာရှိတဲ့ အစွန်းရောက်အုပ်စုတစ်စုက အိုင်အက်စ်စစ်သွေးကြွတွေထံ သစ္စာခံသွားတယ်လို့ ဘရာဇီးစုံစမ်းထောက်လှမ်းရေးက ဖော်ထုတ်လိုက်တဲ့အတွက် ရီယိုအိုလံပစ်မှာ အကြမ်းဖက်တိုက်ခိုက်ခံရမယ့် အန္တရာယ်စိုးရိမ်နေရပြီလို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ 

play

 

အိုလံပစ်ပြိုင်ပွဲကျင်းပဖို့ သုံးရက်အလိုမှာ ဒီသတင်းထွက်လာခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ခန့်ကလည်း ဒီပြိုင်ပွဲကို အကြမ်းဖက်သမားတွေ ပစ်မှတ်ထားလာနိုင်တယ်လို့ ပြင်သစ်စုံစမ်းရေးအဖွဲ့က ဘရာဇီးအာဏာပိုင်တွေကို သတိပေးထားတယ်လို့ ဆိုပါတယ်။ စုံစမ်းရေးဘက်က သိထားတဲ့ အချက်အလက်တွေကို လူသိရှင်ကြား အချက်အလက်အပြည့်အစုံ ထုတ်ပြောတာမျိုးတော့ မရှိသေးပါဘူး။

play

 

ဘရာဇီးအစိုးရဘက်ကတော့ ဒီသတင်းတွေကို တရားဝင်ငြင်းဆိုထားဆဲဖြစ်ပြီး အကြမ်းဖက်ခံရမယ့် ဘယ်လိုသတင်းအချက်အလက်ကိုမှ တရားဝင် မရထားသေးဘူးလို့ သိရပါတယ်။ ပြင်သစ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီးနောက်ပိုင်း ဘရာဇီးမှာ ပြည်တွင်းရေး မငြိမ်မသက် ဖြစ်နေတဲ့အပြင် အကြမ်းဖက် ခံရနိုင်ချေလည်း မြင့်တက်နေတယ်လို့ သုံးသပ်မှုတွေရှိထားပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD