Sports: ရုရှား တစ်ဖွဲ့လုံးကို အိုလံပစ်ပြိုင်ပွဲ ဝင်ပြိုင်ခွင့် ပိတ်ပင်တော့မည်

, updated

အိုလံပစ်ပြိုင်ပွဲသမိုင်းမှာ အပြင်းထန်ဆုံး အရေးယူမှု ဖြစ်လာနိုင်ပါတယ်။

play

 

အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရုရှားအားကစားသမား အကုန်လုံးကို ရီယိုအိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ပိတ်ပင်ဖို့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက ဆုံးဖြတ်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

play

 

လာမယ့် သြဂုတ်လအတွင်း ဘရာဇီးမှာကျင်းပမယ့် ရီယိုအိုလံပစ်ပွဲမှာ ရုရှားနိုင်ငံက အိုလံပစ် ကစားသမားပေါင်း ၃၈၇ ဦး စေလွှတ်ဖို့ လျာထားတာဖြစ်ပါတယ်။ ဒါပေမဲ့ မကြာသေးခင်က အားကစားသမားတွေ တားမြစ်ဆေးသုံးစွဲရာမှာ နိုင်ငံတော်အဆင့်ကလည်း ပါဝင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့တဲ့အတွက် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက အစည်းအဝေးထိုင် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ရုရှားအသင်း ခံမယ့် ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး တရားထုတ်ပြန်တာမျိုးတော့ မတွေ့ရသေးပါဘူး။

play

 

ဒါပေမဲ့ ဗြိတိန် မေးလ်အွန်လိုင်း သတင်းစာရဲ့ ဖော်ပြချက်အရ ရုရှားအားကစားအဖွဲ့ တစ်ဖွဲ့လုံးကို ပြိုင်ပွဲဝင်ခွင့် ပိတ်တော့မှာလို့ ဆိုပါတယ်။ ဒီဆုံးဖြတ်ချက်မချခင် အစစောပိုင်းကတည်းက တားမြစ်ဆေးကိစ္စနဲ့ ရုရှားပြေးခုန်ပစ် အားကစားသမားတွေကို ရီယိုအိုလံပစ်ပြိုင်ပွဲ ဝင်ခွင့် ပိတ်ပင်ထားပြီုးဖြစ်ပါတယ်။

အိုလံပစ်သမိုင်းတစ်လျှောက် အဆိုးရွား၊ အပြင်းထန်ဆုံး အပြစ်ပေးမှု တစ်ခု ဖြစ်လာနိုင်တယ်လို့လည်း သိရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ